စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ (Collective Management Organization-CMO)
လူသားများသည် ဂီတကို ဖန်တီးနိုင်စွမ်းနှင့် ခံစားနိုင်စွမ်းရှိကြပါသည်။ တေးဂီတနှင့်ပတ်သက်ပြီး အများလက်ခံထားကြသည့်အချက်ကတော့ ဂီတသံကို ကြားချိန်မှာ ဦးနှောက်မှ ဒိုပါမင်းဟုခေါ်သည့် ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်သည်။ အဆိုပါဓာတ်သည် လူသားများ၏ စိတ်အပေါ် အကျိုးသက်ရောက်မှုရှိပါသည်။
