လွတ်လပ်ရေးနှင့် နိုင်ငံချစ်စိတ်
မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၀ ကျော်တို့ အေးအတူပူအမျှ နေထိုင်လျက်ရှိကြသည်။ ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာနိုင်ငံကို စစ်ပွဲသုံးကြိမ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် လက်ရှိပြည်ထောင်စုနိုင်ငံတော်၏ နယ်မြေအဝန်းအဝိုင်းအားလုံးကို တစ်လက်မမျှမချန် ရယူသိမ်းပိုက် အုပ်ချုပ်သွားခဲ့ခြင်းဖြစ်သည်။ ဆိုရလျှင် ဗြိတိသျှနယ်ချဲ့သမားများသည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးများအားလုံးအပေါ် ကျွန်ပြုအုပ်ချုပ်သွားခဲ့ခြင်းဖြစ်သည်။
