အဂတိလိုက်စားမှုနှင့် မျိုးဆက်သစ်တို့အတွက် ဆိုးမွေများ
အဂတိလိုက်စားမှုသည် လူ့သဘာဝအရဖြစ်တတ်သည့် အကျင့်စရိုက်ဆိုးတစ်ခုဖြစ်ပါသည်။ ထိုအကျင့်စရိုက်ဆိုးသည် ဝိသမလောဘကိုအခြေခံပါသည်။ လောဘဆိုသည်မှာ လိုချင်တပ်မက်ခြင်းဖြစ်ပါသည်။ လူတိုင်းတွင် လောဘအနည်းနှင့်အများ ရှိတတ်ကြသည်။ သို့သော် အတ္တကြီးသူတို့သည် ထိုလောဘနောက်သို့ လိုက်ရင်းသောက်လေသောက်လေ ငတ်မပြေသကဲ့သို့ လောဘတဏှာကျွန်ဖြစ်လာကြပါသည်။
