ခေတ်စားလာသော Online လိမ်လည်မှုများ
စတုတ္ထနည်းလမ်းမှာ လိမ်လည်သူသည် Social Media Platform ပေါ်တွင် ကြော်ငြာအတုများ၊ ကုန်ပစ္စည်းအတုများလွှင့်တင်၍ ဟန်ပြရောင်းချကြပါသည်။ မိမိမှဝယ်ယူလိုက်ပါက စာရွက်စာတမ်းအတုများ၊ ဘောက်ချာအတုများပြုလုပ်၍ Delivery ဖြင့် ကုန်ပစ္စည်းများပေးပို့လိုက်ကြောင်း ဝယ်ယူသူယုံကြည်စေရန် လှည့်ဖြားကာ တန်ဖိုးငွေလွှဲပြောင်း ခိုင်းပြီး လိမ်လည်ရယူကြပါသည်။ အခြားနည်းမှာ လူမှုကွန်ရက်တွင် ဟန်ပြကုမ္ပဏီ (Front Company) များ၊ ဟန်ပြငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ တည်ထောင်၍ ကြော်ငြာလွှင့်တင်ပြီး အစုရှယ်ယာများရောင်းချကာ ငွေကြေးလိမ်လည်ခြင်း ဖြစ်ပါသည်။
