Skip to main content

ကျုံပျော်တွင် လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ကျုံပျော်တွင် လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ် ကျုံပျော် နိုဝင်ဘာ ၃

ကျောင်းဆရာဆိုတာ နိုင်ငံကာကွယ်ရေးမှာလည်း တာဝန်ရှိသူများပါ

“တကယ်တော့ နိုင်ငံတော်ကာကွယ်ရေးတွင် လက်နက်ကိုင်အဖွဲ့များတွင် တာဝန်ရှိသလောက် ကျောင်းဆရာများတွင်လည်း တာဝန်ရှိ၏။ ဤသည်မှာ ယဉ်ကျေးမှုမြင့်မားသောနိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့၏ အစဉ်အလာဖြစ်၏”

FPTP စနစ်ချည်းသာလော … PR စနစ်ကိုလည်း ပါစေချင်ပါသည်

ဘဝသက်တမ်းတစ်ဝက်လောက်ကို နိုင်ငံရေးနယ်ပယ်ထဲတွင် ကျင်လည်နေခဲ့သော ကျွန်တော်သည် မီးစာကုန်ဆီခန်းသည့်အချိန် မရောက်သေးသရွေ့ နိုင်ငံ့အရေးအတွက် နိုင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေဦးမည်သာ…။ နိုင်ငံ့အရေးအတွက် နိုင်ငံရေးလုပ်ဖို့ ဆိုလျှင်လည်း မသေချာမရေရာသော မဲဆွယ်စကားများ၊ မဟုတ်မမှန် လုပ်ကြံရေးသားသော နိုင်ငံရေးဇာတ်လမ်းများကြား တံလျပ်ရေထင် ရွှေသမင်အလိုက်မမှားစေဖို့အတွက် သမိုင်းကျေကြဖို့တော့လိုပါသည်။ ဖြစ်ချင်သောဆန္ဒများထက် အဖြစ်သင့်ဆုံးအရာများကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံသားတိုင်းနိုင်ငံရေးရေချိန် ပြည့်ဝနေဖို့လည်း လိုအပ်လှပေသည်။ လက်ရှိတွင် နိုင်ငံတော်ကို အုပ်ချုပ်နေသော တည်ဆဲအစိုးရက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ဆောင်ရွက်နိုင်ရေးအတွက် ဦးတည်ဆောင်ရွက်နေကြောင်း ကြားသိရပြီးနောက် ထိုရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကျွန်တော့်အမြင်ကို စာဖတ်သူတို့သိရှိနိုင်ရန် ရေးသားလိုက်ရပေသည်။

သားစဉ်မြေးမြစ် အကျိုးဖြစ်မည့် သန်းခေါင်စာရင်း

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်လုံးကျွတ်ကောက်ယူနေပြီဖြစ်သည်။ လူဦးရေဆိုင်ရာအကြောင်းအရာများ၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အကြောင်းအရာများကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသတစ်ခုမှာ လူတိုင်းကိုတစ်ကြိမ်တည်း၊ တစ်ပြိုင်တည်းမေးမြန်းကောက်ယူသည့်လုပ်ငန်းဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူသည့်လုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏကြီးမားသည့်အပြင် ငွေကုန်ကြေးကျများပြားသည့်အတွက် ကမ္ဘာ့နိုင်ငံအများစုသည် ဆယ်နှစ်လျှင် တစ်ကြိမ်သာ ကောက်ယူကြကြောင်းသိရသည်။ သို့သော် လူဦးရေသန်းခေါင်စာရင်းအား မည်သည့် နိုင်ငံမျှမကောက်ဘဲမနေကြ။ မိမိတို့နိုင်ငံတွင်လည်း သန်းခေါင်စာရင်းကောက်ယူခြင်းကို မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ်တွင် သာလွန်မင်းလက်ထက်က စတင်ခဲ့ကြောင်း အထောက်အထားများတွေ့ရှိရပြီး လွတ်လပ်ရေးဆုံးရှုံးပြီးနောက်ပိုင်း ကိုလိုနီလက်အောက်တွင် ၁၈၇၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း ရှစ်ကြိမ်တိုင်ကောက်ယူခဲ့ကြောင်း တွေ့ရှိရသည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင်တော့ ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ခဲ့သည်။ ယင်းသန်းခေါင်စာရင်း ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၏လူဦးရေသည် ၁၉၇၃ ခုနှစ်တွင် ၂၈ ဒသမ ၉ သန်းကျော်၊ ၁၉၈၃ ခုနှစ်တွင် ၃၅ ဒသမ ၃ သန်းကျော်၊ ၂၀၁၄ ခုနှစ်တွင် ၅၁ ဒသမ ၄ သန်း ကျော်ရှိကြောင်းသိရှိရသည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်း ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ် ယခုနှစ်တွင်ရှိမည့် လူဦးရေကို ယခုကောက်ယူမည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူပြီးနောက် ထုတ်ပြန်သည့်အချိန်တွင် သိရှိနိုင်မည်ဖြစ်သည်။

ဆိပ်ဖြူမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ

ဆိပ်ဖြူမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ဆိပ်ဖြူ အောက်တိုဘာ ၂ မြို့နယ်(ပြန်/ဆက်)

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ လိပ်သို အောက်တိုဘာ ၂ ခင်လေးနွယ်(လိပ်သို)

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ” အသိပညာပေး Talk Show ပြုလုပ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ” အသိပညာပေး Talk Show ပြုလုပ် လိပ်သို အောက်တိုဘာ ၂ ခင်လေးနွယ်(လိပ်သို)
Subscribe to