မြင့်မားသည့် ပညာရေးဖြင့်သာ နိုင်ငံဖွံ့ဖြိုးသာယာအောင် စွမ်းဆောင်နိုင်မှာပါ
ကျောင်းသင်ပညာရေးမှာ စနစ်ကျ၏။ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ၊ ကျောင်းနှင့် စာသင်ခန်းအတိအကျရှိ၏။ လူသား၏ အသက် အရွယ်နှင့်အညီ သင်ရိုးညွှန်းတမ်း၊ အချိန်ကာလ၊ အတန်းအဆင့် အရည်အသွေးဆန်းစစ်မှုများဖြင့် “နိမ့်သောအသိမှ မြင့်ရာအသိအမြင်သို့၊ ကျဉ်းမြောင်းမှုအမြင်မှ ကျယ်ပြန့်မှုဆီ၊ လွယ်ကူရာမှ နက်နဲသည့် ဆင်ခြင်သုံးသပ်နိုင်စွမ်းသို့ သွား၏” ဖတ်စာအုပ်ထဲမှ စာလောက်ကိုသာ အလွတ်ကျက်ရုံမျှလောက်ဖြင့် ဤကဲ့သို့ ဉာဏ်ရည်မြင့်သည့်အဆင့်ကို မရနိုင်၊ မတက်လှမ်းနိုင်ပေ။
