Skip to main content

မြန်မာ့ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ငွေရတုချိန်ခါမင်္ဂလာ

ဂီတစွမ်းအားပြည်ထွန်းကားဟူသောခံယူချက် ဖြင့် ဂီတအနုသုခုမခရီးလမ်းတွင် လျှောက်လှမ်းနေ ကြသည့် ဂီတအနုသုခမပညာရှင်တို့သည် ယခုကဲ့သို့ မြန်မာ့ယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကြီး၏ ငွေရတုချိန်ခါ မင်္ဂလာကာလဖြစ်သောကြောင့် ပို၍ ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို့ ဂုဏ်ယူ ဝမ်းမြောက်ကြရပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ဂီတ အနုသုခုမပုံရိပ်သည် ထိုနိုင်ငံ၏ ယဉ်ကျေးမှုအဆင့် အတန်းကို တိုင်းတာပြသသည့် ပြဒါးတိုင်သဖွယ် လည်းဖြစ်သည်။ မြန်မာ့ဂီတအနုသုခုမဟုဆိုလိုက်သည်နှင့် “ကြည်ကြသည့် ဂီတ၊ ပီသသည့်အသံ၊ အံဝင်သည့်စာသား၊ ဂီတမှာအသံ၊ အလင်္ကာမှာ ကာရန်” ဟူသော မြန်မာ့အဆို၊ အက၊ အရေး၊ အတီး ပညာတစ်ပါးလည်း ပါဝင်လာပါသည်။ စာပေ၊ ဂီတ၊ သဘင်၊ ရုပ်ရှင်အနုပညာသည် ဖလှယ်ရေးကိရိယာ ဖြစ်သော်လည်း မိမိ၏အမျိုးသားမူ၊ အမျိုးသားဟန်၊ အမျိုးသားစံ၊ ကိုယ်ပိုင်အမျိုးသားစရိုက်လက္ခဏာကောင်းများပါရှိရစမြဲဖြစ်သည်။

နိုင်ငံရေးပြဿနာကို စစ်ရေးပရိယာယ်ဖြင့် ဖြေရှင်းသည့် ကမ္ဘာ့အဖျက်လုပ်ရပ်များ

 ယနေ့ကမ္ဘာကြီးတွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာနေပြီး WW - III (တတိယကမ္ဘာစစ်) ဟူသော စကားလုံးမှာ ထမင်းစားရေသောက်ဖြစ်လာသည်။ အစ္စရေး-ဂါဇာစစ်ပွဲက ဂါဇာနယ်မြေမှတစ်ဆင့် လက်ဘနွန်နိုင်ငံထဲအထိ စစ်မျက်နှာကျယ်ပြန့်သွားချိန်မှာ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြစ်နေသော ရုရှား - ယူကရိန်း ပဋိပက္ခကလည်း ယခုအချိန်အထိ ပြီးဆုံးဖွယ်လမ်းစမမြင်။ ကမ္ဘာကြီးမှာအရာရာသည် အပျက်ဘက်ကို ဦးတည်လာနေသလား မြင်နေရသည်။ အရှုံးအနိုင်မပေါ်နိုင်သော ကမ္ဘာ့နေရာအချို့မှ စစ်ပွဲများတွင် အခွန်ထမ်းပြည်သူများ၏ ငွေကြေးဓနများကို ဘာကြောင့်သုံးစွဲနေကြပါသလဲ.. နိုင်ငံရေးပြဿနာအပါအဝင် အကျပ်အတည်းပေါင်းစုံကို စစ်ရေးနည်းလမ်းထက် နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်းများဖြင့် အပြုသဘောဆန်ဆန် ညှိနှိုင်းမဖြေရှင်းသင့်ဘူးလား.. စသည်ဖြင့် စဉ်းစားမိသည်။

အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့ စွမ်းအားမြှင့်တင်စို့

အောက်တိုဘာလ ၁၃ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction-IDDRR) ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားများကိုစာရေးသူတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် နှစ်စဉ်ကျင်းပခဲ့ကြသည်။ ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် ကမ္ဘာတစ်ဝန်း နှစ်စဉ်ပိုမိုကြုံတွေ့လာရသည့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို အလေးထားကာ ထိရောက်စွာလျှော့ချနိုင်ရန် ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၉ ခုနှစ်အထိ ၁၀ နှစ်တာကာလကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျှော့ချရေး ဆယ်စုနှစ် (The International Decade for Natural Disaster Reduction - IDNDR) အဖြစ် သတ်မှတ်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာရေးလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများအားလုံး တိုးမြှင့်ဆောင်ရွက်ခဲ့ကြသည်။

ပြည်သူတွေအားထား မြန်မာ့မီးရထား

မြန်မာနိုင်ငံ၌ မီးရထားနှင့်သယ်ယူပို့ဆောင်ရေး ကို ၁၈၇၇ ခုနှစ်မှ စတင်ခဲ့ပါသည်။ ယခုအခါ နှစ်ပေါင်း ၁၀ဝ ကျော်ရှိပြီ ဖြစ်ပါသည် ။ စာရေးသူတို့ ငယ်စဉ်က မုံရွာမြို့မှ မန္တလေးတက္ကသိုလ်သို့ကျောင်းတက်နေစဉ် မုံရွာ-မန္တလေး မီးရထားကိုသာအသုံးပြုခဲ့ကြပါသည်။ တစ်ခါတစ်ရံ ကျောင်းပိတ်ရက်များတွင် ချင်းတွင်းအသင်း (မုံရွာ) ကျောင်းသား ကျောင်းသူများ မန္တလေးမှ မုံရွာသို့ တွဲစင်းလုံးအပြည့် ဖြင့် ပြန်ခဲ့ကြပါသည်။ ထိုစဉ်က ရထားများသည် အချိန်အလွန်တိကျ မှန်ကန်ပါသည်။ ၁၉၆၈ ခုနှစ် ဝန်းကျင်က မန္တလေးမှလာသော ညနေရထားသည် မုံရွာမြို့သို့ ည ၈:ဝ၀ နာရီအချိန်အတိတွင် ဆိုက်ရောက်ပါသည်။ ည ၈:ဝ၀ နာရီ မြန်မာ့အသံမှ စံတော်ချိန်သတင်း တီးလုံးလာသည့်အချိန်တွင် မန္တလေးမှလာသော ရေနွေးငွေ့စက်ခေါင်းရထား မုံရွာဘူတာသို့ ဥသြဆွဲဝင်လာသည့် အချိန်နှင့် တစ်ပြိုင်နက်တည်းဖြစ်ပါသည်။ ထို့ကြောင့် ရထားဥသြသံကြားလျှင် ည ၈:ဝ၀ နာရီရှိပြီဖြစ်ကြောင်း သိလိုက်ရပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များသို့ သွားရောက်ကြည့်ရှုအားပေး၍ အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာကြည့်တိုက်များသို့ သွားရောက်ကြည့်ရှုအားပေး၍ အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း

ငါးသိုင်းချောင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက်

ငါးသိုင်းချောင်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူခြင်းများ ဆက်လက်ဆောင်ရွက် ငါးသိုင်းချောင်း အောက်တိုဘာ ၁၂ ခင်မာလာအောင်

ကျောက်ဆည်မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများ ထည့်သွင်းခြင်း ကွင်းသရုပ်ပြ

ကျောက်ဆည်မြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများ ထည့်သွင်းခြင်း ကွင်းသရုပ်ပြ ကျောက်ဆည် အောက်တိုဘာ ၁၂ သက်မောင်

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ လေးဖက်နာအဆစ်ရောင်ရောဂါအကြောင်း သိကောင်းစရာ ပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမ၌ လေးဖက်နာအဆစ်ရောင်ရောဂါအကြောင်း သိကောင်းစရာ ပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ် သထုံ အောက်တိုဘာ ၁၂ နဒီ(ပြန်/ဆက်)

ဟိုပုံးမြို့နယ် လူထူအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဟိုပုံးမြို့နယ် လူထူအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ ဟိုပုံး အောက်တိုဘာ ၁၂ ပအိုဝ်းဒေသ(ပြန်/ဆက်)
Subscribe to