စာပေကျေးဇူး စာဆိုတော်များ၏ ကျေးဇူးကို အထူးပြုသည့် (၇၅) ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆု အထိမ်းအမှတ်စာပေဆုများ ချီးမြှင့်ပွဲ
နှစ်ပေါင်းထောင်ချီ ကြာရှည်တည်ပြီး သမိုင်းရှိသည့် မြန်မာစာပေ၊ မြန်မာတို့၏ အမွေအနှစ်ကောင်းတစ်ခု၊ ဂုဏ်ရောင်ထွန်းသည့် မြန်မာစာပေသည် မျက်မှောက်ခေတ်အထိ မတိမ်ကော၊ မပျောက်ကွယ်၊ အခိုင်အမာတည်ရှိဆဲဖြစ်သည်။ ပုဂံခေတ်မှသည် ယနေ့အထိ လူပုဂ္ဂိုလ်အကျော်အမော်စာဆိုပညာရှင်များ ရဟန်းစာဆို ဓမ္မသူရဲကောင်းများကြောင့် မြန်မာစာပေ၊ ကဗျာယဉ်ကျေးမှုသည် အဖိုးတန်ဆဲလှပဆဲဖြစ်သည်။
