နတ်တော်လရာသီသည် မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်များတွင် နတ်ပွဲများဖြင့် နတ်တို့ကို ပူဇော်ပသရသော နတ်ပျော်လအဖြစ် ရှေးအခါက သတ်မှတ်ဖော်ပြခဲ့သော်လည်း ရှေးမြန်မာမင်းများ လက်ထက်ကပင် ရတု၊ ရကန်၊ ပျို့၊ ကဗျာ၊ ဝတ္ထု၊ မေတ္တာစာ၊ ဆုံးမစာ၊ နီတိစသည်ဖြင့် မြန်မာ့ယဉ်ကျေးမှုစာပေ အမွေပေးဝေခဲ့ကြသော ရဟန်းစာဆို၊ လူပညာရှိစာဆိုရှင်ကြီးများကို ဘွဲ့ထူးဂုဏ်ထူးများပေးအပ်ချီးမြှင့် ဂုဏ်ပြုခဲ့ကြရာမှ စာဆိုတော်လရာသီအဖြစ်ပို၍ ပေါ်လွင်ထင်ရှားလာခဲ့ပေသည်။