အိုဘယ့်… တရားရုံးတော်
လူတွေသိသင့်ပါတယ်၊ မှတ်လည်းမှတ်သားသင့်ပါတယ်။ ပုံသေနည်း (ဖော်မြူလာ)က ရိုးစင်းပါတယ်။ တစ်ဦးတစ်ယောက်အဖို့ ထပ်ကာတလဲလဲ အပျက်သဘောဆောင်တဲ့သတင်းတွေကို ရင်ဆိုင်နေရချိန်၊ ပြင်းထန်တဲ့ဖိအားအပူရှိန်အောက် ကျရောက်နေချိန်မှာ အနိုင်ကျင့်ဖို့ လွယ်ကူပြီး ပုံမှန်အထိုးခံနေကျ လက်ဝှေ့အိတ်ငယ်ဖြစ်တဲ့ တတိယကမ္ဘာ့နိုင်ငံငယ်လေးကို အာရုံစိုက်သွားကြအောင် ပစ်မှတ်ထားလိုက်တာပါ။ ဖမ်းဝရမ်းထုတ်ပေးဖို့ဆိုပြီး လျှောက်ထားလိုက်တာက ရိုးရှင်းပါတယ်။ ဒါဟာ သူ့အတွက် အပြုသဘောဆောင်တဲ့ သတင်းအချို့ဖြစ်လာဖို့ အပြောင်းအလဲတစ်ခု လုပ်လိုက်တာပါ။
