Skip to main content

ကြီးပွားတိုးတက်စေနိုင်သော အကြောင်းတရားများ

လူတိုင်းဟာ ဘဝရှင်သန်နေရတဲ့အချိန်မှာ ကျန်းကျန်းမာမာနဲ့နေချင်တယ်၊ စည်းစိမ်ဥစ္စာတွေပြည့်စုံပြီး ချမ်းချမ်းသာသာနဲ့နေချင်တယ်။ အေးအေးချမ်းချမ်းနဲ့နေချင်တယ်။ ဒီအတွက် နေ့စဉ်လုပ်ကိုင်နေကြတဲ့ စားရေး၊ ဝတ်ရေး၊ နေထိုင်ရေးဆိုတဲ့ အလုပ်သုံးပါးကို ခွန်အား၊ ဇွဲ လုံ့လဝီရိယတွေ ရင်းနှီးလုပ်ကိုင်နေကြတယ်။ လူတိုင်းအလုပ်လုပ်နေကြတာမှန်ပေမယ့် ကြီးပွားတိုးတက်မှုတွေကိုတော့ တန်းတူမခံစားကြရပါဘူး။ ကြီးပွားတိုးတက်တဲ့သူတွေရှိသလို ဆင်းရဲနိမ့်ကျတဲ့သူတွေလည်း ရှိပါတယ်။ ဒီလိုကွဲပြားမှုတွေမဖြစ်ရအောင် လုပ်သင့်တာကိုလုပ်ပြီး မလုပ်သင့်တာကိုမလုပ်မိဖို့ အရေးကြီးပါတယ်။

အာဆီယံ - အိန္ဒိယ မီဒီယာဖလှယ်ရေးခရီးစဉ် အတွေ့အကြုံများ

ရန်ကုန်မြို့ အိန္ဒိယနိုင်ငံသံရုံးက အာဆီယံ - အိန္ဒိယ မီဒီယာဖလှယ်မှု ချစ်ကြည်ရေးခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့နှင့် မွမ်ဘိုင်းမြို့တို့သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ သွားရောက်လေ့လာရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သတင်းမီဒီယာသမားများအား ဖိတ်ခေါ်ခဲ့ပါသည်။ အဆိုပါခရီးစဉ်ကို စာရေးသူအပါအဝင် မြန်မာနိုင်ငံမှ သတင်းမီဒီယာသမားနှစ်ဦး ပါဝင်တက်ရောက်ခွင့် ရရှိခဲ့ပါသည်။
Subscribe to