ပင်လုံသက်သေ ချစ်သောမြေ
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့(ယနေ့)သည် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်ပါသည်။ တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါအရာရောက်ခဲ့သော နေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။ ပြည်ထောင်စုနေ့သည် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစုများအကြား စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုကို အထိမ်းအမှတ်ပြုသည့် နေ့တစ်နေ့လည်း ဖြစ်ပါသည်။
