Skip to main content

တစ်ကျော့ပြန် ကုန်သွယ်ရေးစစ်ပွဲလေလား

ကုန်သွယ်ရေးစစ်ပွဲဟူသည် ကုန်သွယ်ရေးကိစ္စများတွင် ကိုယ်ကျိုးစီးပွားကာကွယ်နိုင်ရေးကို ဦးစားပေးလုပ်ဆောင်ရင်း နိုင်ငံများအချင်းချင်း ထိပ်တိုက်ရင်ဆိုင် လာရသည့်အခြေအနေဖြစ်သည်။ ကုန်သွယ်ဖက်နိုင်ငံများအကြား၌ ကိုယ်ကျိုးစီးပွားကာကွယ်မှုဝါဒကျင့်သုံးရာမှ ဖြစ်ပေါ်လာသော အကျိုးဆက်ဟုလည်း ဆိုနိုင်သည်။ ယေဘုယျအားဖြင့် နိုင်ငံများသည် ပြည်တွင်းမှ ငွေအထွက်ပမာဏ လျော့နည်းစေရေး၊ နိုင်ငံရပ်ခြားမှ ငွေအဝင်ပမာဏမြင့်မားတိုးတက်စေရေးအတွက် သွင်းကုန်ပမာဏထက် ပို့ကုန်ပမာဏပိုမိုနိုင်ရေး အားထုတ်ကြလေ့ရှိကြသည်။ နိုင်ငံအတွင်းသို့ သွင်းကုန်များ အလွယ်တကူ ဝင်ရောက်မလာနိုင်ရေးအတွက် အရေအတွက်သတ်မှတ်ချက် (Quota)၊ အကောက်ခွန် (tariff)၊ အခြားသောအကောက်ခွန်မဟုတ်သည့် ကုန်သွယ်ရေးအတားအဆီး (Non-Tariff Barriers-NTB) တို့ကို ကုန်သွယ်ဖက်နိုင်ငံများ အချင်းချင်းအကြား အပြန်အလှန် ချမှတ်ကျင့်သုံးလျက် တုံ့ပြန်ပြုလုပ်ကြခြင်းဖြစ်သည်။

MRTV လွမ်းချင်း

လွမ်းချင်းဟူသော ဝေါဟာရကို သဘောကျသဖြင့် ကျွန်တော်လွမ်းမိတမ်းတမိသမျှ နေရာဒေသများအကြောင်း ဆောင်းပါးရေးသည့်အခါတိုင်း ယခုလိုခေါင်းစဉ်မျိုးပေး၍ ရေးခဲ့သည်ချည်းသာ။ ဓညဝတီလွမ်းချင်း၊ ဟိုမိန်းလွမ်းချင်း၊ မအူပင်လွမ်းချင်း၊ မော်ဖလွမ်းချင်း စသည်ဖြင့်……….။ စင်စစ်သော်ကား သည်စကားလုံးများကို ဆရာမင်းကျော်ထံမှ ကျွန်တော်ငှားသုံးခြင်းဖြစ်ပါသည်။
Subscribe to