Skip to main content

ရွေးကောက်ပွဲနှင့် ပြန်/ဆက်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ပြီးစီးခဲ့ပါပြီ။ ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ ခေါင်းဆောင်ကြီးများက COVID-19 ရောဂါ ကူးစက်ပျံ့နှံ့နေသည့်ကြားမှ ရွေးကောက်ပွဲကြီးကို ဘေးကင်းလုံခြုံငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့ခြင်း အတွက် ဝမ်းမြောက်ဂုဏ်ယူသည့် သဝဏ်လွှာများ ပေးပို့နေကြသည်ကို တွေ့မြင်ရသည့်အတွက် နိုင်ငံသားတစ်ဦးအနေဖြင့် ကျေနပ်သည်။ အားရဝမ်းသာဖြစ်မိပါသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်

ထိုစဉ်က တက္ကသိုလ်ကျောင်း စဖွင့်ရက် မှာ စက်တင်ဘာလ ၁ ရက်ဖြစ်ပြီး ပထမနှစ် သင်တန်းဖွင့်ရက်မှာ စက်တင်ဘာ ၇ ရက်ဖြစ်သည်။ ဒီဇင်ဘာ ခရစ္စမတ်မတိုင်မီ ပထမ စာမေးပွဲကို ဖြေဆိုကြရပြီး ယင်းစာမေးပွဲမှာ အတန်းတင်စာမေးပွဲအတွက် ၄၀ ရာခိုင်နှုန်း ယူပါသည်။ စာမေးပွဲဖြေအပြီး ကျောင်း ၁၀ ရက် ပိတ်ပါသည်။ နှစ်လည်စာမေးပွဲကို မတ်လတွင် ဖြေဆိုကြ ရပြီး အတန်းတင် စာမေးပွဲအတွက် ၁၀ ရာခိုင်နှုန်းယူပါသည်။ ဧပြီ တစ်လ ကျောင်းပိတ်ပါသည်။ ဇွန်လ နောက်ဆုံးပိုင်းတွင် အတန်းတင်စာမေးပွဲ ဖြေဆိုကြရပြီး ဇူလိုင်၊ ဩဂုတ် နှစ်လ ကျောင်း ပိတ်ပါသည်။
Subscribe to