Skip to main content

ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်ရှိ အ.လ.က ၂၂ ကျောင်းအား Quarantine center ဖွင့်လှစ်မည်

ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်ရှိ အ.လ.က ၂၂ ကျောင်းအား Quarantine center ဖွင့်လှစ်မည် ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၄ သန်းဇော်မင်း

ကျောက်ဆည်မြို့တွင် ကောက်ရိုးများကို အကျိုးရှိစွာအသုံးချခြင်း နည်းပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ

ကျောက်ဆည်မြို့တွင် ကောက်ရိုးများကို အကျိုးရှိစွာအသုံးချခြင်း နည်းပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပ ကျောက်ဆည် ဒီဇင်ဘာ ၁၄ ခရိုင်ပြန်/ဆက်

တက္ကသိုလ်အရန်တပ်ရင်း(ယူတီစီ)မှာ သန္ဓေတည်ပါသည်

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် ဂုဏ်ပြုဆောင်းပါး “ထီးတန်းကောလိပ်ကို သတိရမိသည်” တွင် တက္ကသိုလ် အရန်တပ်ရင်းသို့ဝင်ပြီး စစ်ပညာသင်ကြားခဲ့သည့် အကြောင်း အကျဉ်းမျှဖော်ပြခဲ့ပါသည်။ ယူတီစီ (University Training Corps) ခေါ် တက္ကသိုလ် အရန်တပ်ရင်းသို့ ဝင်ရောက်ရင်း နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ပညာသင်ကြားရန် စိတ်ဝင်စားသူများ ပေါ်ထွန်းလာကြောင်း၊ တပ်မတော်သို့ ဝင်ရောက်တာဝန် ထမ်းဆောင်သူ အများအပြားရှိကြောင်း၊ ယူတီစီမှာ သန္ဓေတည်သည့် တိုင်းချစ်၊ ပြည်ချစ်စိတ်ဓာတ်ကြောင့် တက္ကသိုလ်ကျောင်းသားများ တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့ကြပြီး တပ်မတော်အရာရှိ၊ ဗိုလ်ချုပ်ကြီးအဆင့်အထိပင် ရှိကြောင်း ဖော်ပြခဲ့ပါသည်။ ပြည်ပကျူးကျော်မှုများ တွန်းလှန်ရေး၊ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး ကာလများတွင် နိုင်ငံနှင့် ပြည်သူအတွက် အသက်ပေး သွားရသည့် တက္ကသိုလ်ကျောင်းသားဟောင်း တပ်မတော်သားများလည်း ရှိပါသည်။ နိုင်ငံတော်အတွက် အသက်ပေးကျဆုံးသွားရသည့် သူငယ်ချင်းများထဲတွင် ဗျူဟာမှူးအဆင့်၊ တပ်ရင်းမှူးအဆင့် (ဗိုလ်မှူးကြီး သူရကျော်ကျော်ချို၊ ဒု-မှူးကြီးကြည်ဝင်း)နှင့် အရာရှိငယ် ဘဝဖြင့် ကျဆုံးသွားရသော ဗိုလ်တင်ဦးမောင်၊ ဗိုလ်တင်မောင်မြင့်၊ ဗိုလ်ဝင်းကြည်၊ ဗိုလ်ကျော်မြင့်၊ ဗိုလ်သိန်းအောင်စသည့် သူငယ်ချင်းများလည်း ရှိကြပါသည်။ ယူတီစီတွင် သန္ဓေတည်သည့် စိတ်ဓာတ်ဖြင့် စွန့်လွှတ်စွန့်စားခဲ့သည့် သူငယ်ချင်းများကို အလေးပြု ဂုဏ်ပြုအပ်ပါသည်။

“သားတို့သမီးတို့ရဲ့ စိတ်အစဉ်မှာ ဝိဇ္ဇာဆိုတဲ့ ဉာဏ်ပညာတွေသာ ထုံမွမ်းနေပါစေ။ အဝိဇ္ဇာတွေနဲ့တော့ မထုံမွမ်းနေပါစေနဲ့”လို့ ဆုံးမနေတဲ့ သဘောရယ်လို့ ကျွန်တော်မြင်ယောင် ကြားယောင်မိပါတယ်

ရန်ကုန်တက္ကသိုလ်တွင် ၁၉၈၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာကြီး ဦးတင်ဦးလှိုင်အား တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

အတိတ်ပုံရိပ်များက သက်သေတည်နေသော ရာပြည့်တက္ကသိုလ်

ရာပြည့်တက္ကသိုလ်အကြောင်း စဉ်းစားလိုက်သည်နှင့် အတိတ်ပုံရိပ်တို့က တိုးဝှေ့၍ ဝင်လာခဲ့ပေပြီ။ တက္ကသိုလ်တက်ခဲ့စဉ်ကာလတစ်လျှောက် လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ ပညာဆည်းပူး ခွင့်ရခဲ့တာတွေ၊ သူငယ်ချင်းများနဲ့ စာအကြောင်းပေအကြောင်း ဆွေးနွေးခဲ့ကြ၊ ငြင်းခဲ့ကြ ခုန်ခဲ့ကြရတာတွေဟာလည်း မမေ့နိုင်စရာအတိတ်ပုံရိပ်တွေပေါ့လေ။ ဆရာကြီး ဆရာမကြီးတွေက စာအုပ်စာပေတွေများ ညွှန်းလိုက်ပြီဆိုရင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဆီကို အပြေးအလွှား ချီတက်ကြရစမြဲပင်။ ယနေ့ခေတ်လို အင်တာနက်က ရှာလို့ဖွေလို့ ရတဲ့ခေတ်လည်း မဟုတ်ခဲ့၊ ကိုယ်လိုချင်တဲ့စာကို မိတ္တူကူးဆိုင်မှာ လွယ်လွယ်သွားကူးလို့ရခဲ့တဲ့ အနေအထားမျိုးလည်း မဟုတ်တော့ စာရှာခြင်း၊ စာကူးခြင်းနဲ့ စာဆွေးနွေးကြခြင်းသည် ကျွန်မတို့အတွက်တော့ အသက်တမျှတန်ဖိုးထားရသော အတိတ်ပုံရိပ်များပင် မဟုတ်ပါလား။

သမိုင်းဦးလှေ မနစ်စေနှင့်

မြို့မအမျိုးသားကျောင်းကြီး နှစ် ၁၀၀ သက်တမ်းသို့ ရောက်ရှိပေပြီ။ တသွင်သွင် စီးဆင်းနေသည့် ရေအလျဉ်တွင် ပဲ့ကိုင်ကောင်းမွန်ခဲ့သော မော်ကွန်းတင်မည့် လှေကြီးသည်ကား အကြောင်း အကျိုး၊ အကောင်းအဆိုးများကို တင်ဆောင်လျက် ရာပြည့်ဆိပ်ကမ်းဆီသို့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဦးလည်မသုန် ကမ်းဆိုက်ကပ်ပေတော့မည်။

ဆိုင်း၊ သဘင် အဖွဲ့သားများအား အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်

ဆိုင်း၊ သဘင် အဖွဲ့သားများအား အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ် တပ်ကုန်း ဒီဇင်ဘာ ၁၃ တင်စိုးလွင်

အလောင်းတော်ကဿပဘုရား စံကျောင်းတော် သွားလမ်းပေါ်ရှိ သပိတ်ဆေးချောင်းကူးတံတား တည်ဆောက်ရေး လုပ်ငန်း ၄၀ရာခိုင်နှုန်းပြီးစီး

အလောင်းတော်ကဿပဘုရား စံကျောင်းတော် သွားလမ်းပေါ်ရှိ သပိတ်ဆေးချောင်းကူးတံတား တည်ဆောက်ရေး လုပ်ငန်း ၄၀ရာခိုင်နှုန်းပြီးစီး ကနီ ဒီဇင်ဘာ ၁၃ သန်းဌေးအောင်
Subscribe to