ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် လေးနှစ်တာတက္ကသိုလ်မှာ ကြုံဆုံခဲ့ရ ဘဝအစ
စာရေးသူ(ဟိုက်စကူး)အထက်တန်းကျောင်းသားဘဝ ကတည်းက ရန်ကုန်တက္ကသိုလ်နှင့် ကျွမ်းဝင်ရင်းနှီးခဲ့ပါ သည်။ အကြောင်းမှာ အဆိုတော် စိန်လွင်၊ ထူးအိမ်သင်၊ ခင်မောင်ထူး၊ ခင်ဝမ်း၊ ခင်မောင်တိုး၊ ကိုင်ဇာ၊ ခိုင်ထူး၊ ဖိုးချို၊ အောင်နိုင်၊ ရင်ဂို၊ နော်လီဇာ၊ မေဆွိ၊ မေခလာ၊ တင့်တင့်ထွန်း၊ မီမီဝင်းဖေ စသူတို့၏ ကျောင်းသီချင်း များက ရင်ထဲမှာ ငြိတွယ်နေခဲ့သောကြောင့်ပင်တည်း။ ၁၉၈၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ပြီး တိုက်ရိုက် မေဂျာစတင်လျှောက်ထားခွင့်ပြုသည့်နှစ် ဖြစ် သဖြင့် ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ)သို့ ပထမနှစ် ပထဝီဝင် အထူးပြု ဘာသာဖြင့် တက်ရောက် ခဲ့သည်။ အပတ်စဉ်တိုင်းလိုလို လှိုင်နယ်မြေ (RC2)၊ Main (ပင်မ)ထဲ တက္ကသိုလ်နယ်မြေသို့ အကြောင်း အမျိုးမျိုးရှာပြီး ရောက်ခဲ့သည်။
