ကိုဗစ် − ၁၉ ကူးစက်ကပ်ရောဂါနှင့် အိမ်တွင်းပြုစုမှု
ယခုအခါ ကိုဗစ် - ၁၉ ကူးစက်ကပ်ရောဂါကြီး ကမ္ဘာတစ်ဝန်း လှိုင်းတံပိုးကြီးသဖွယ် ပျံ့နှံ့ လာနေပြီ ဖြစ်ပါသည်။ ယခုအချိန်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဗီဇပြောင်း ဗိုင်းရပ်စ်များအဖြစ်လည်း ကူးစက်ပျံ့နှံ့လာသည်ကို တွေ့ရပါသည်။ ရောဂါပိုးကူးစက်ခံရသူများ အတွက် ဆေးကုသ မှုပေးရာတွင် ဆေးရုံများမှာ အခက်အခဲများ ရှိလာနေသည်ကိုလည်း နိုင်ငံ အများအပြားတွင် တွေ့ရပါသည်။ လိုအပ်သူများကိုသာ ဆေးရုံတက်ကုသစေခြင်းကို ဦးစားပေးပြီး ပိုးတွေ့ရောဂါလက္ခဏာမရှိသူများ၊ အသက်အရွယ်ကောင်း ပိုးတွေ့သူများ၊ ရောဂါ အခံကင်းသူ၊ နည်းပါးသူများစသည်တို့ကို မိမိတို့နေအိမ်များမှာပင် ခွဲခြားနေထိုင် ပြုစု စောင့်ရှောက်မှုများကို ဆောင်ရွက်လာရာ ယင်းနှင့်ပတ်သက်၍ ဆောင်ရွက် နိုင်ပုံများကို တင်ပြလိုပါသည်။
