Skip to main content

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုန်စည်ယာဉ်ကြီးများအသင်းနှင့် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီတို့နှင့် တွေ့ဆုံဆွေးနွေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုန်စည်ယာဉ်ကြီးများအသင်းနှင့် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ကြီးကြပ်ရေးကော်မတီတို့နှင့် တွေ့ဆုံဆွေးနွေး လွိုင်ကော် စက်တင်ဘာ ၁၄ အောင်ထွန်းလေး

သတင်းတုနှင့် လုပ်ကြံသတင်းများ၏ သားကောင်

သတင်းဆိုတဲ့ စကားရပ်ဟာ အများပြည်သူကိုကောင်းကျိုးပြုပြီး မှန်ကန်ကြောင်း တိုက်ဆိုင် စစ်ဆေးနိုင်တဲ့ အချက်အလက်လို့ အဓိပ္ပာယ်ရကြောင်း ယူနက်စကိုက ဆိုထားပါတယ်။ ဒါပေမယ့် သတင်းတွေကို အန္တရာယ်ဖြစ်စေလိုတဲ့ ရည်ရွယ် ချက်၊ ကိုယ်ကျိုးစီးပွား ရည်ရွယ် ချက်အတွက် အသုံးပြုလာတဲ့အခါ သတင်းရဲ့ အဓိပ္ပာယ်၊ ရည်ရွယ်ချက်နဲ့ အကျိုးဆက် များလည်း ပြောင်းလဲလာပါတယ်။ အဲဒီလိုပြောင်းလဲလာတဲ့သတင်းတွေထဲမှာ သတင်း တုနဲ့ လုပ်ကြံသတင်း (Misinformation and Disinformation) တွေ ပါဝင်ပါတယ်။ သတင်းတုနဲ့ လုပ်ကြံသတင်းတွေဟာ အများကောင်းကျိုးကို မရည်ရွယ်ဘဲ အကျိုးစီးပွား တစ်ခုခုအတွက် ရည်ရွယ်ပြီး မသမာတဲ့နည်းလမ်းနဲ့ သတင်းတွေကို ထိန်းချုပ်ဖန်တီးဖြန့်ဝေကြတာပဲ ဖြစ်ပါ တယ်။

မျက်မှောက်ခေတ်နိုင်ငံရေးနှင့် ပထဝီနိုင်ငံရေးအမြင်

မြန်မာနိုင်ငံ၏တည်နေရာ၊ အကျယ်အဝန်း၊ လူဦးရေနှင့် လူနေအစိပ်အကျဲအခြေအနေကို အာရှတိုက်ရှိ အခြား ၁၁ နိုင်ငံနှင့် နှိုင်းယှဉ်သိမြင်ထား ပါက ပထဝီနိုင်ငံရေးနောက်ခံကားကို တွေးဆနိုင်ကြ ပါလိမ့်မည်။

ကိုဗစ်တတိယလှိုင်းနှင့် လေကြောင်းစီးပွားရေး

၂၀၁၉ ခုနှစ် နှောင်းပိုင်းကစတင်လာခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါသည် မြန်မာနိုင်ငံသို့ ၂၀၂၀ ပြည့်နှစ် မတ်လတွင် စတင်ပျံ့နှံ့ရောက်ရှိလာရာ ယခုဆိုလျှင် တစ်နှစ်ခွဲတိုင်ကြာရှည်လာခဲ့ပြီဖြစ်ပါသည်။
Subscribe to