Skip to main content

ယူသူလား ပေးသူလား

လူတွေလူတွေ တော်တော်ဆင်းရဲကြတယ်နော်။ ကမ္ဘာပေါ်မှာကော၊ ကျွန်တော်တို့နိုင်ငံမှာကော။ မိသားစုအတော်များများဟာ လူတန်းစေ့အောင် မနေနိုင်ကြဘဲ ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုးကြီး ဆိုက်ရောက်နေလို့ သေမင်းနှုတ်ခမ်းဝကျရောက်နေ ကြသူတွေ ကမ္ဘာပေါ်မှာ ၄၂ သန်းကျော် ရှိနေပါ တယ်တဲ့။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ညွှန်ကြားရေးမှူး ဒေးဗစ်ဘီစလေဆိုသူက CNN သတင်းဌာနကို ပြောပြလို့သိရတယ်။ အစာဆန်ရေ ပေါတဲ့မြေမို့ ကျွန်တော်တို့ တော်ပေသေး။

ပန်းကလေးတွေ လှနေတာကိုပဲ ကြည့်နေချင်သည်

နွေမှာပွင့်လန်း၊ ပိတောက်ပန်းကို ဆင်မြန်းပန်ဆင်၊ လှယဉ်ယဉ်မင့် သူ့တွင် အလှမမြဲပါ။ • မိုးမှာပွင့်လန်း၊ စံပယ်ပန်းကို ဆင်မြန်းပန်ဆင်၊ လှယဉ်ယဉ်မင့်သူ့တွင် အလှမမြဲပါ။ • ဆောင်းမှာပွင့်လန်း၊ သဇင်ပန်းကို ဆင်မြန်းပန်ဆင်၊ လှယဉ်ယဉ်မင့်သူ့တွင် အလှမမြဲပါ။ • ပိတောက်၊ သဇင်၊ စံပယ်ယဉ်ကို အသင်စွဲလမ်း၊ ပန်ဆင်မြန်းလည်း ပန်း၏အလှ၊ တဒင်္ဂမျှ ကြွေနွမ်းဘဝ၊ သင်္ခါရကြောင့် တစ်ဘဝမှာ၊ ထာဝရလန်း ပညာပန်းကို၊ လိုလိုချင်ချင် သင်ပန်ဆင်က၊ အစဉ်ထာဝရ လှပနေမည်သာတည်း။ ။

ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Vaccination Management Information System – VMIS)

မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ရေဂါ ကာကွယ်ဆေးထိုးနှံခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေးထိုးမည့်သူများအား ကြိုတင်မှတ်ပုံတင်ခြင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များကို မှတ်တမ်းတင်ခြင်း၊ ကာကွယ်ဆေးသုံးစွဲမှုနှင့် ဆေးထိုးလုပ်ငန်း လွှမ်းခြုံမှုကို ကြီးကြပ်ခြင်း၊ ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြား ထုတ်ပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု ရှိ/မရှိ စစ်ဆေးခြင်း စသည့်အချက်များကို အချိန်နှင့် တစ်ပြေးညီ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည့် အီလက်ထရွန်နစ် သတင်းအချက်အလက် စနစ်တစ်ခု အသုံးပြုရန်လိုအပ်နေသည့်အတွက် တပ်မတော် (ကြည်း၊ရေ၊လေ) သတင်းနှင့်နည်းပညာဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း စီမံခန့်ခွဲမှု သတင်း အချက်အလက်စနစ် (Vaccination Management Information System-VMIS) ကို ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် ဇူလိုင်လ၌ စတင်သုံးစွဲနိုင်ခဲ့ပါသည်။

အကြမ်းဖက်သမားအတွက် လားရာ ဒုဂ္ဂတိ အမြဲရှိ၏

သုံးလောကထွတ်ထား မြတ်ဗုဒ္ဓဘုရားရှင်သည် ရှင်ဒေဝဒတ်အား ရဟန်းသံဃာတော်တို့ကို ဦးဆောင်အုပ်ချုပ်စီမံခွင့် လုံးဝ မပေးအပ်ခဲ့ပါ။ သစ်ပင်တို့သည် အမြစ်ပျက်စီးနေပါက ရှင်သန်ခွင့် လုံးဝမရှိတော့ပါ။ ရှင်ဒေဝဒတ်သည် မြတ်ဗုဒ္ဓအား မင်းသူဌေးသူကြွယ် ဒါယကာများ ပေါများသည်ကို မနာလိုသကဲ့သို့ ဘုရားရှင်ကဲ့သို့ပင် ဒါယကာအလှူ ရှင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်း ပေါများလို၏။ သူသာလျှင် ဘုရားတစ်ဆူ လုပ်လို၏။ ထို့ကြောင့် မြတ်ဗုဒ္ဓအား - “အို အရှင်ဗုဒ္ဓ၊ သင်ကား အိုမင်းရင့် ရော်နေပါပြီ။ ထို့ကြောင့် ကျွန်ုပ်ကိုယ်တိုင် ရဟန်း သံဃာတော်များကို ဦးဆောင်အုပ်ချုပ်သွားပါမည်။ ကျွန်ုပ်အား အုပ်ချုပ်ခွင့် လွှဲအပ်ပေးပါ”ဟု တောင်းဆိုခဲ့သည်။ သို့ရာတွင် မြတ်ဗုဒ္ဓက ရှင်ဒေဝဒတ်ကြောင့် ဗုဒ္ဓသာသနာ တော်ကြီး ပျက်စီးမည် ကို သိထားတော်မူ၍ ဒေဝဒတ်အား လုံးဝ မလွှဲအပ်ခဲ့ပါ။

PCMA (Princess Maha Chakri's Award) မှ ဆရာ ဦးကျော်ဇင်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း(၂)

PCMA (Princess Maha Chakri's Award) ဆုရရှိခဲ့သော လားရှိုးမြို့ အမှတ် (၈) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ ဦးကျော်ဇင်အောင်နှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း(၂)

Subscribe to