Skip to main content

ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း၊ မီဒီယာလုပ်ငန်းများ ပြန်လည်ရှင်သန်နိုင်ပါစေ

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ အကျိုးဆက် တွေကြောင့်ပြည်သူအများ လူမှုစီးပွားဘဝတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။ နိုင်ငံတော်ကလည်း တစ်ဖက်တစ်လမ်းက အတတ်နိုင်ဆုံး ကူညီထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးတာတွေ ပြုလုပ်လျက်ရှိပါတယ်။ ဒါပေမဲ့လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြတာကြောင့် အားလုံး ကိုယ်စီကိုယ်စီ အပြည့်အဝမလုပ်ပေးနိုင်တာကို နားလည်ကြပါတယ်။ အမှန်တကယ်လိုအပ်နေသူ တွေကို သင့်တင့်သလောက် အထောက်အပံ့ ပေးနိုင်တာကိုပဲ ကျေနပ်မိပါတယ်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း စတင်ဖွင့်လှစ်

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း စတင်ဖွင့်လှစ်

ဇီးကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာန Community Centre ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ဇီးကုန်းမြို့နယ် ပြန်/ဆက်ဦးစီးဌာန Community Centre ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

လျှပ်စစ်ဓာတ်အားချွေတာသုံး ဘေးကင်းလုံခြုံသတိရှိ

ယနေ့ကာလတွင် ပြည်သူများ၏ နေ့စဉ်လူနေမှု ဘဝ၊ စီးပွားရေးဘ၀ အသုံးပြုမှုပုံစံများ ပြောင်းလဲ လာသည်နှင့်အမျှ လူမှုပတ်ဝန်းကျင်တွင် ရှေးယခင် ကဲ့သို့ သမားရိုးကျပုံစံမဟုတ်တော့ဘဲ နေရာအနှံ့ လျှပ်စစ်မီး၊ လျှပ်စစ်ဓာတ်အားကိုပိုမိုသုံးစွဲလာကြ သည်။ နိုင်ငံတော်က ပြည်သူများအတွက် လျှပ်စစ် ဓာတ်အားသုံးစွဲနိုင်ရေးကို နှစ်စဉ်ဖြည့်ဆည်းပေး လျက်ရှိရာ ယခုအခါ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စု ထက်ဝက်မက လျှပ်စစ်ဓာတ်အား သုံးစွဲလာနိုင်ပြီ ဖြစ်ပါသည်။ ပညာရှင်များ၏ သုံးသပ်ချက်အရ မြန်မာပြည်တွင် လူတစ်ဦးလျှင် ပျမ်းမျှလျှပ်စစ် ဓာတ်အား ၃၈၉ ယူနစ်အထိ ပိုမိုသုံးစွဲလာကြောင်း လေ့လာသိရသည်။ ထိုသို့လျှပ်စစ်ဓာတ်အားသုံးစွဲမှု များပြားလာခြင်း၏ ဘေးထွက်ဆိုးကျိုးအဖြစ် လျှပ်စစ်မှဖြစ်ပေါ်လာသည့် မီးလောင်မှုကဲ့သို့ အန္တရာယ်များ မကြာခဏ ကြုံတွေ့လာရသည်။ လျှပ်စစ်ပစ္စည်းများသည် လူသားများအား အကျိုး ပြုသလို ဘေးအန္တရာယ်ရှိသည်ကိုလည်း သတိပြု ရမည်ဖြစ်ပေသည်။ နိုင်ငံတစ်ဝန်း မီးလောင်မှု ဖြစ်စဉ်များကို လေ့လာကြည့်ရာ၌ နေအိမ်သုံး။ လုပ်ငန်းသုံးလျှပ်စစ်ဓာတ်အား အပူလွန်ကဲမှု၊ လျှပ်စစ်ပိုင်းဆိုင်ရာ ရှော့ခ်ဖြစ်မှုများကြောင့် မီးလောင်ဖြစ်ပွားမှု များပြားကြောင်း သိရသည်။

မစပါနဲ့

ကျန်းမာလိုလျှင် ကိုယ်တိုင်ဆောင်ရွက်သင့်သည့်လုပ်ငန်း ကိုးခု ရှိကြောင်း ကျွန်တော်ရေးခဲ့ပါသည်။ လျှော့ (၃) လျှော့၊ ဖြတ် (၃) ဖြတ်၊ ဆောင် (၃) ဆောင် ဟူ၍ အတိုကောက်မှတ်နိုင်ပါသည်။ ဆီစားသုံးမှု လျှော့ချရန်၊ အငန်စားသုံးမှုလျှော့ချရန်၊ အချိုမှုန့်ကဲ့သို့ သဘာဝမဟုတ်သောအရာများကို လျှော့စားရန် တိုက်တွန်းခဲ့ပါသည်။
Subscribe to