Skip to main content

ကမ္ဘာကြည့် ကြည့်မြင်

(၁) အချို့က ပြောကြတယ်။ တော်တော်ချော်တဲ့လူတွေတဲ့။ တချို့ကလည်း ပြောတယ်၊ တော်တော်ချော်တဲ့ သူတွေ၊ “ဘာလို့လဲဗျ” မေးကြတဲ့အခါ ကြွေဇွန်းနဲ့ ကြာဆံဟင်းကို ခပ်နေတာ ပါးစပ်ထဲရောက်ဖို့ မပြောနဲ့ ဇွန်းထဲပါဖို့နောက်ခြောက်လလောက် ကြာဦးမယ်မို့ပါတဲ့။ သိပ်ကြာမယ် မထင်ပါဘူး။ နွားရူးဆူးတိုး။

အမျိုးသားစာပေတစ်သက်တာဆုရှင် ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)

အနောက်နေသည် စေတီတစ်ဆူ၊ ထုံးဖြူဖြူကို ပူဇော်ကန်တော့၊ ခပ်ဖျော့ဖျော့။ ညောင်ပင်အိုသည် လေကိုလက်ခံ၊ ရွက်ခတ်သံနှင့် တေးထံတျာနော့၊ ခပ်ပျော့ပျော့။

ဆေးလိပ်၊ ဆေးရွက်ကြီး နီကိုတင်းစွဲလမ်းမှုပြဿနာ

ယနေ့မြန်မာနိုင်ငံတွင် ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်း၊ ဆေးငုံခြင်းများကို စွဲလမ်းကြရသည့် အကြောင်းရင်းသည် ဆေးရွက်ကြီး တွင်ပါရှိသော နီကိုတင်းဓာတ်၏အာနိသင်ကြောင့် ဖြစ်ပါ သည်။ ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းတို့ လျော့နည်း ပပျောက်ရေး၊ ၎င်းအမူအကျင့် များနှင့် ဆက်စပ်သည့်ရောဂါများ ဖြစ်ပွားမှုလျှော့ချနိုင်ရေး စသည်တို့အတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့ရာ ယခုဆိုလျှင် ဆယ်စုနှစ်တစ်ခုထက် ၁၅ နှစ်ကျော်လွန်လာခဲ့ပြီ ဖြစ်ပါသည်။ ယင်းဥပဒေအရ ဆေးလိပ်ဘူးများတွင် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သတိပေးစာတန်း၊ အဆုတ်နှင့် ပါးစောင်တို့တွင် ကင်ဆာရောဂါဖြစ်ပွားပုံများကို ဖော်ပြထားသည်။ သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယို စသည့် ဘက်ပေါင်းစုံ သတင်း မီဒီယာများမှ သတိပေး နှိုးဆော်ထားသည့်အတွက် ပြည်သူလူထုအကြား နီကိုတင်းအဆိပ် ဆိုးကျိုးများကို အထိုက်အလျောက် အသိပညာဝင်ရောက်နေကြပြီဖြစ်သော်လည်း စွဲလမ်းမှုကို ဖြတ်မရဖြစ်နေကြသေးသည်။

အလုံမြို့နယ်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

အလုံမြို့နယ်၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ဝစီဒုစရိုက်ကျူးလွန်သူများ

မကောင်းသောအကျင့်ကို “ဒုစရိုက်”ဟု ဗုဒ္ဓဘာသာဝင်တို့ သိထားကြ၏။ ပါဠိဘာသာစကား “ဒုစ္စရိတ”ကို မြန်မာမှုပြုထားခြင်း ဖြစ်သည်။ အကုသိုလ်ဟုလည်းခေါ်၏။ ပထမဆုံး အဆုံးအမ ဖြစ်သည့် မကောင်းမှုရှောင်ရန်အတွက် မကောင်းမှုဆိုသည်ကို သိထားရမည်။ မကောင်းသော အမှု ဆယ်မျိုးရှိ၏။ ဒုစရိုက်ဆယ်ပါးဟု ခေါ်၏။
Subscribe to