အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက နိုင်ငံ၏လူမှုရေး၊ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုများကို လေ့လာသုံးသပ်နိုင်ရန်နှင့် မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများ အသုံးပြုနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံရှိ လူ့စွမ်းအားဖွံ့ဖြိုးမှုနှင့်သက်ဆိုင်သော အညွှန်းကိန်းများကို စုစည်းပြုစုထားသည့် လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ် (Hand Book on Human Resources Development Indicators-HRDI) ကို နှစ်စဉ်ထုတ်ဝေလျက်ရှိပါသည်။