ရုရှားမြေတွင် ပွင့်လန်းလာသည့် ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာရောင်ဝါ အလင်းတန်း
ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ခေတ်မီတိုးတက်မှုနှင့် ရှည်လျားသည့် သမိုင်းကြောင်းကို ပုံဖော်ပြသနေသည့် အဆောက်အအုံများက အားပြိုင်နေဟန်ရှိသည်။ မြို့အတွင်း ရစ်ခွေစီးဆင်းနေသည်က မော်စကိုမြစ်၊ ထိုမြစ်ကမ်းဘေးရှိ လမ်းမကြီးထက်မှာ နောက်ဆုံးပေါ် မာစီဒီး အနက်ရောင်တစ်စီး ဦးဆောင်သည့် နိုင်ငံတော်အဆင့် လုံခြုံရေးများ ဝန်းရံထားသည့် မော်တော်ယာဉ်များ သည် ခန့်ညားစွာဖြင့် လိုရာခရီးကို ဦးတည်မောင်းနှင်လျက်ရှိသည်။
