လူတစ်ဦးတစ်ယောက်အနေနဲ့ ကိုယ့်ဘဝရပ်တည်ရေး၊ တိုးတက်မြင့်မားရေးနဲ့ ကိုယ်ရည် ကိုယ်သွေးမြှင့်တင်ဖို့ ကြိုးစားရာမှာ ကိုယ့်ရည်မှန်း ချက်နဲ့ဆန္ဒတွေ အောင်မြင်ဖို့အတွက်သာမကဘဲ ကိုယ်နဲ့ လူ့အဖွဲ့အစည်းအကြား သဟဇာတဖြစ်တဲ့ အခြေအနေဖြစ်ဖို့ဆိုရင် လူမှုကျင့်ဝတ်တွေဟာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်ပါတယ်။ ဒီလိုပဲ လူ့အသိုက်အဝန်းတစ်ခုရဲ့ဓလေ့၊ စရိုက်နဲ့ ယဉ်ကျေးမှုတွေ တိုးတက်မြင့်မားဖို့မှာ သက်ဆိုင်ရာလူ့အဖွဲ့အစည်းအတွင်းက တစ်ဦးချင်း စီရဲ့ ကျင့်ဝတ်လိုက်နာမှုတွေဟာ အရေးပါပါတယ်။