Skip to main content

အာဆီယံအခြေခံမူများနှင့်အညီ ...

မြန်မာ့ပြည်တွင်းရေးနဲ့ပတ်သက်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ လတ်တလောပြောကြားချက်တွေဟာ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတွေနဲ့ ကိုက်ညီရဲ့လား၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ပြောဆိုတာလဲ၊ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲဆိုတာနဲ့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေဟာ မြန်မာနိုင်ငံအတွက်သာမကဘဲ အာဆီယံအဖွဲ့ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံတွေအတွက်ပါ စဉ်းစားစရာ ဖြစ်နေပါတယ်။

အာဆီယံပဋိညာဉ်ရေးဆွဲစဉ်က

၂၀၀၇ ခုနှစ် မတ်လ အာဆီယံအသင်းကြီးအတွက် အသင်းဝင်နိုင်ငံတိုင်းက လက်မှတ်ရေးထိုးပြီး လိုက်နာရန် ဝန်ခံကတိပြုရသည့် ပဋိညာဉ်စာချုပ်ကြီးကို ရေးဆွဲနေပေသည်။ အဖွဲ့ဝင်နိုင်ငံများမှ ဥပဒေရေးဆွဲရေး ကျွမ်းကျင်သောပုဂ္ဂိုလ်များကို ဝန်ကြီးအဆင့်၊ ပါမောက္ခအဆင့်ရှိ ပညာရှင်ပုဂ္ဂိုလ်များက ဦးဆောင်ရေးဆွဲ ခရီးပေါက်မြောက်နေပေသည်။ မြန်မာနိုင်ငံမှ ဝန်ကြီးအဆင့်ရှိ စီးပွားရေးပညာရှင် ဒေါက်တာ သန်းညွန့် ခေါင်းဆောင်သောအဖွဲ့ကလည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နေပေသည်။
Subscribe to