မိုးရနံ့သင်းသင်း သီတဂူစက္ခုအလင်းနှင့် နာဂဒေသဖွံ့ဖြိုးရေးမြင်ကွင်း(၁)
ဤနာဂရိုးရာကျေးလက်သီချင်း တစ်ပိုင်းတစ်စကို ရိုးရာဗုံ၊ မောင်း၊ ပလွေများမပါဘဲ ရွတ်ဆိုပြသူမှာ ကိုင်းဆန်မျိုးနွယ်စုမှ ဟိုင်းမြေ(ခေါ်)တန်ရှမ်းနာဂ တိုင်းရင်းသား အွမ်မွန်း(ခေါ်) ကိုကျော်ဆန်း ဖြစ်ပါသည်။ သူက စာရေးသူတို့ နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ဦးစီးအရာရှိ တစ်ဦးဖြစ်၏။ နောက်နာဂ တိုင်းရင်းသားတစ်ဦးလည်း ရှိပါသေးသည်။ “L.B လာသေး (ခေါ်) ကော့လပ်ဖူ” ဟုခေါ်ပြီး ဆွမ္မရာမျိုးနွယ်စုမှ ဆွမ္မရာနာဂ (ခေါ်) တန်ကွန်နာဂ တိုင်းရင်းသားတစ်ဦးဖြစ်ပါသည်။
