Skip to main content

မြေအောက်ရေ အလွန်အကျွံသုံးစွဲခြင်းကို လျှော့ချခြင်းဖြင့် ရေအရင်းအမြစ်ဆုံးရှုံးမှုကာကွယ်စို့

ဥရောပ၊ အမေရိကနှင့်အာရှဒေသအချို့တွင် ဖြစ်ပေါ်နေသော ပြင်းထန်သည့်မိုးခေါင်မှုသည် ပိုမိုဆိုးရွားလာနေသည်။ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်အလယ်ပိုင်းရှိ ခန်းခြောက်သွားသော မြစ်တစ်ခု၏ အောက်ခြေကြမ်းပြင်ပေါ်တွင် လွန်ခဲ့သောနှစ်ပေါင်း ၁၁၃ သန်းက ဒိုင်နိုဆောတစ်ကောင်၏ ခြေရာများတွေ့ရှိခဲ့ကြသည်။ တရုတ်နိုင်ငံယန်စီမြစ်၏ မြစ်လက်တက်သုံးခုတွင် မိုးခေါင်ရေရှားမှုကြောင့် စီချွမ်းပြည်နယ်ရှိ ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်သည့် လဲ့ဆန်းဗုဒ္ဓရုပ်ပွားတော်ကြီး၏ အောက်ခြေပိုင်းပေါ်ထွက်လာခဲ့သည် အထိ ရေမျက်နှာပြင်နိမ့်ကျခဲ့သည်။ ဗြိတိန်နိုင်ငံတွင်လည်း မိုးခေါင်မှုကြောင့် သိမ်းစ်မြစ်၏ မြစ်ဖျားဒေသမြစ်ရေခန်းခြောက်မှုဖြစ်ပေါ်နေသည်။

ရွေးကောက်ပွဲနှင့် ပြည်သူ

ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူ့ကိုယ်စားတာဝန်ထမ်းဆောင်ရန် လူဦးရေအများစုထောက်ခံမဲရသူ လူပုဂ္ဂိုလ်ကို စနစ်တကျ အများပါဝင်ဆုံးဖြတ်ဆောင်ရွက်ခြင်းဟု အဓိပ္ပာယ်ရှိလေသည်။ (An election is a formal group decisionmaking process by which a population chooses an individual to hold public office.)

ပြောင်းလဲရန်လိုအပ်နေသော အသက်မွေးဝမ်းကျောင်းလုပ်ငန်း

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏အနောက်မြောက်ဘက်တွင်တည်ရှိပြီး ခရိုင်ခြောက်ခရိုင်၊ မြို့နယ်ကိုးမြို့နယ်ဖြင့် ဖွဲ့စည်းထားကာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ သုည ဒသမ ၄၇ သန်းကျော် နေထိုင်လျက်ရှိသည်။ တောင်ပေါ်ဒေသဖြစ်သဖြင့် ချမ်းအေးသောရာသီဥတုရှိပြီး အပူဆုံး သောလမှာ ဧပြီလနှင့်မေလဖြစ်ကာ ပျမ်းမျှအပူချိန် မှာ ၆၀ ဒီဂရီဖာရင်ဟိုက်မှ ၇၀ ဒီဂရီ ဖာရင်ဟိုက်သာရှိသည်။ အအေးဆုံးကာလများတွင် အပူချိန်မှာ ၃၉ ဒီဂရီဖာရင်ဟိုက်မှ ရေခဲမှတ်အောက်အထိ ကျဆင်း တတ်သည်။ ပျမ်းမျှမိုးရေချိန်မှာ ၈၀ မှ ၁၀ဝ လက်မ အတွင်းရှိပြီး အထူးသဖြင့် တောင်ပိုင်းဒေသများတွင် မိုးပိုများသည်။

မရှိမဖြစ်

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့် ပြည်တွင်းစားသောက်ကုန်များသာမက ပြည်ပမှ တင်သွင်းလာသည့် စားသောက်ကုန်များကိုလည်းဈေးကွက်မတင်မီကတည်းက စိစစ်ပေးလျက်ရှိရာတွင် အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိသည့် အစားအသောက် လုပ်ငန်းပေါင်း ၁၀၅၆ ခုနှင့် သောက်ရေသန့်လုပ်ငန်းပေါင်း ၂၃၆၈ ခု ရှိနေပြီဖြစ်ကြောင်း၊ ဆက်လက်၍ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကော်ဖီ၊ ခေါက်ဆွဲ၊ လက်ဖက်စသည့် စားသောက်ကုန်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(မြန်မာ့အလင်း ၂၈-၄-၂၀၂၂)

ကြောင်းကျိုးမဆင်ခြင် တစ်ဖက်သတ်အမြင်ဖြင့် ကြိုးဆွဲရာ ကနေသမျှ

ကြီးမြတ်သော ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်တို့ဖြင့် ကမ္ဘာ့နိုင်ငံများက ဒုတိယကမ္ဘာစစ်အပြီးတွင် စုပေါင်းဖွဲ့စည်းတည်ထောင်ခဲ့သော ကုလသမဂ္ဂအဖွဲ့ကြီးသည် မျက်မှောက်ကာလတွင် ဂုဏ်သိက္ခာကင်းမဲ့ ယိုင်နဲ့လာခဲ့သည်ဟု ဆိုရမည်။
Subscribe to