Skip to main content

ဒုံးယိမ်းမြေက သဘာဝအခြေခံ ခရီးစဉ်ဒေသများ

ခရီးသွားခြင်းသည် အကောင်းဆုံးသော သင်ကြားမှုဟုဆိုကြသည်။ ခရီးသွားခြင်းသည် ကောင်းသောအလေ့အထတစ်ခုအဖြစ် ခံယူလာကြသည်။ သို့အတွက် နေ့စဉ်လှုပ်ရှားရုန်းကန်နေရသည့် လူမှုပတ်ဝန်းကျင်မှ ခေတ္တဖယ်ခွာပြီး ခရီးသွားခြင်းဖြင့် စိတ်ရောကိုယ်ပါ အပန်းဖြေခြင်းအလေ့သည် ထင်ရှားလာသည်။ ထိုသို့ ခရီးသွားလာရာတွင်လည်း မွန်းကျပ်သည့်လူနေမှုစနစ်နှင့် နီးစပ်ရာနေရာဒေသများကို ရှောင်ရှားပြီး အေးချမ်းသည့်၊ သာယာသည့် သဘာဝရေမြေတောတောင်များဆီ ခရီးသွားမှုများလာသည်။ သဘာဝရေမြေတောတောင်များနှင့် နီးစပ်ရာဒေသသို့ ခရီးသွားမည်ဆိုပါက သဘာဝကိုအခြေခံထားသည့် ခရီးစဉ်ဒေသများစွာတည်ရှိရာ ဒုံးယိမ်းမြေခေါ် ကရင်ပြည်နယ်ကို ညွှန်းဆိုရမည်သာ။

မြေချဉ်နှင့် ဆားပေါက်မြေဆီလွှာများအား ထုံးနှင့် ဂျစ်ပဆန်အသုံးပြု၍ ပြုပြင်ခြင်း

ယနေ့ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသော ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်လွန်ကဲစွာမြင့်တက်ခြင်း၊ ရေကြီးရေလျှံခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရရှိသည့်မိုးရေချိန် ပမာဏအနည်းအများအပေါ်မူတည်၍ စိုက်ပျိုးမြေများတွင် မြေချဉ်ခြင်း၊ မြေငန်ခြင်းပြဿနာများလည်း ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရပါသည်။
Subscribe to