ကျွန်တော်တို့ရဲ့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသက ကိုယ်ကျင့်သီလနဲ့ပတ်သက်ပြီးတော့ အခုလိုမိန့်ကြားဖူးပါတယ်။ “လူ့လောကမှာ အင်မတန်ကောင်းတဲ့ ကိုယ်ကျင့်သိက္ခာ ငါးပါးသီလကိုတော့ အပြည့်အဝမထိန်းချင်ကြဘူး။ အလှူအတန်းကြီးတွေတော့ မဏ္ဍပ်ကြီးတွေထိုးပြီး အကြီးအကျယ်ပေးတယ်။ အဆောင်အယောင်တွေ၊ ပကာသနတွေ၊ သီလထိန်းတာက လူမမြင်ရတော့ အရသာကတယ် မရှိဘဲကိုး။ မဏ္ဍပ်ကြီးနဲ့ အလှူကြီးပေးတာကတော့ လူမြင်သူမြင်မို့ ဟိုကချီးမွမ်း၊ ဒီကချီးမွမ်း အရသာရှိတယ်။ သာယာဖွယ်ဖြစ်တယ်။