Skip to main content

ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နိုင်ငံသားအခွင့်အရေးနှင့်တာဝန်

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၇ တွင် နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် ဥပဒေပြုလွှတ်တော်များအတွက် ပါတီစုံရွေးကောက်ပွဲများကို ကျင်းပရလေ့ရှိသည်။ ရွေးကောက်ပွဲများမှတစ်ဆင့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်၍ ကိုယ်စားပြုမှုကို ကျင့်သုံးရခြင်းဖြစ်သည်။ ဒီမိုကရေစီ၏ အခြေခံအကျဆုံး အနှစ်သာရကလည်း လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် ကိုယ်စားပြုခြင်းတို့ပင်ဖြစ်သည်။

ထူးခြားဆုံးသီချင်းကတော့ မြန်မာပြည်သားသီချင်းဖြစ်ပါတယ်။ ဒီသီချင်းကို ၁၉၇၀ ပြည့်နှစ်မှာ ရေးခဲ့တော့ အခုဆို နှစ် ၅၀ ကျော်ပြီ။ ကြက်သီးမွေးညင်းထတဲ့အထိ ကောင်းတဲ့သီချင်းဖြစ်ပါတယ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်တည်ဆောက်ရာတွင် ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့် ကြိုးပမ်းထမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကဏ္ဍတို့တွင် ထူးခြားထက်မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြ သော ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတို့တွင် တိုင်းကျိုးပြည်ကျိုးကို အများနှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့် လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသော ပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင် သော ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမ ပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးပမ်းထမ်းဆောင်ကြသော ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြသော နိုင်ငံခြားခေါင်းဆောင် များ၊ နိုင်ငံခြားသံတမန်များနှင့် ပုဂ္ဂိုလ်များကို ထိုက်တန်သော ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီဖြစ်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာဘာတွေဆောင်ရွက်နေသလဲ ဘယ်သူတွေက နှောင့်နှေးအောင် နှောင့်ယှက်ဖန်တီးနေသလဲ

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား သုံးပွင့်ဆိုင် သံတမန်ဆွေးနွေးပွဲများ ကျင်းပ၍လည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေးများကျင်းပ၍လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် အချိုးကျ ကိုယ်စားပြုစနစ်

မြန်မာနိုင်ငံတွင် လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု စနစ် Proportional Representation System (PRs) ဖြင့် ဆောင်ရွက်ရန် တောင်းဆိုလာကြသည်။ လွှတ်တော်သုံးရပ်စလုံးတွင် စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Closed List-PR) ကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ်ဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီအများစုက အဆိုပြုတင်ပြခဲ့ကြသည်။ လွှတ်တော်ရွေးကောက်ပွဲများကို မဲအများဆုံးရသူအနိုင်ရသည့် FPTP စနစ်မှ အချိုးကျ ကိုယ်စားပြုစနစ် (PRs) သို့ ပြောင်းလဲဆောင်ရွက်ရန် အချိန်အခါကျရောက်နေပြီ ဖြစ်ကြောင်း နိုင်ငံရေးပါတီအများစုက အကြံပြုချက်များရှိလာခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးပါတီများနှင့်လက်တွဲပြီး လာမည့်ရွေးကောက်ပွဲကို တိုင်းရင်းသားလူမျိုးစုများ၊ နိုင်ငံရေးပါတီငယ်များအနေဖြင့် ယင်းတို့ကို ထောက်ခံသည့် ဆန္ဒမဲများအရ ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် မျှမျှတတမှန်မှန်ကန်ကန်ဖြင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ရွေးချယ်ပေးနိုင်ရေး အတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမူဘောင်အတွင်းက လုပ်ဆောင်နိုင်သည်များဖြင့် အချိုးကျကိုယ်စားပြုစနစ် (PRs) ကျင့်သုံး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
Subscribe to