ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နယ်ချဲ့တို့လက်အောက်သို့ ကျရောက်စဉ်ကပင် သွေးခွဲအုပ်ချုပ်ခံခဲ့ရသည့်အတွက် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုဒဏ်ကို တိုင်းရင်းသား ပြည်သူအားလုံး တွေ့ကြုံခဲ့ရပါသည်။ အဆိုပါ ကိုလိုနီအမွေဆိုးကြီးကြောင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ဖွံ့ဖြိုးမှုများ နှောင့်နှေးခဲ့ရကာ တစ်ချိန်က ဖွံ့ဖြိုးမှုမရှိခဲ့သည့် အိမ်နီးချင်းနိုင်ငံများ နောက်သို့ပင် ရောက်ရှိခဲ့ရပါသည်။