Skip to main content

Jan 11, 2023

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေး-လားရှိုး- ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ အရှည် ၃၂၁၂ ပေ ဗလမင်းထင်တံတား အမှတ်(၂)တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဇန်နဝါရီ ၈ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

အများပြည်သူများ စိတ်အပန်းပြေစေရန်နှင့် စိတ်ခွန်အားရရှိစေရန်အတွက် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံကြီး၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနက စီစဉ်ကပြမည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာဇာတ်တော်ကြီး” ဇာတ်တိုက်လေ့ကျင့်နေမှု၊ အသံပိုင်း၊ မီးပိုင်းနှင့် ဆက်တင်ပိုင်းဆိုင်ရာများကို ယနေ့နံနက်ပိုင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ချောက်မြို့နယ်အတွင်း၌ တရားမဝင်ရေနံစိမ်း ၁၇၂ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၆,၀၀၀)နှင့် အဆိုပါ ရေနံစိမ်းအိတ်များတင်ဆောင်လာသည့် ဆိုင်ကယ်လေးစီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၂၀၀၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရလည်းကောင်း၊ နတ်မောက်မြို့နယ်အတွင်း၌ Zhineng Wave 100 အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မကွေးမြို့နယ် မကွေး - တောင်တွင်းကြီး ကားလမ်းမိုင်တိုင်အမှတ် ၃၁၈/၅ နှင့် ၃၁၈/၆ အကြားတွင် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားမဝင်ပျဉ်းကတိုးခွဲသား (၈.၂၉၁၂)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၄၅၆၀၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၀၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၁၈၁၆၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

မြန်မာ့လယ်ယာထွက်ကုန်များ ဂျပန်စျေးကွက်သို့ဝင်ရောက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

စာရင်းပညာရပ်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်နှင့် နိုင်ငံတော်အတွက် အားထားရသော စာရင်းပညာရှင်များဖြစ်အောင်ကြိုးပမ်းသွားကြရန် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦးက တိုက်တွန်းပြောကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံ-ဂျပန် ဗဟိုဌာန၏ အထောက်အပံ့ဖြင့် National Activity Project-2022 ကို အကောင်အထည်ဖော်သည့်အနေဖြင့် တတိယအကြိမ် ဂျပန်ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသူများအတွက် အရည်အသွေးမြှင့်တင်ရေးအသိ ပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကလောမြို့ရှိ Kalaw Hilltop Villa Hotel တွင် Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) တို့ပူးပေါင်း၍ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)၏ အစီအစဉ်ဖြင့် တောင်အာရှနှင့်အ​ရှေ့တောင် အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ (မြန်မာနိုင်ငံ) စွမ်းအားမြှင့်မီးဖိုဖြန့်ဝေရေးစီမံကိန်း၏ စောင့်ကြည့်အကဲဖြတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့မွန်းလွဲပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ငြိမ်းချမ်းသာယာရေကူးကန်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

(၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ငြိမ်းချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုအဖြစ် တည်ဆောက်လျက်ရှိရာတွင် အမျိုးသားရေးစိတ်ဓာတ်အခြေခံဖြင့်ဆောင်ရွက်ကြရန် အလွန်အရေးကြီးသည်။ နိုင်ငံ၏ကောင်းကျိုးကိုဆောင်ရွက်ရာတွင် တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရနိုင်ဘဲ တိုင်းရင်းသားပြည်သူအားလုံး၏ အမျိုးသားရေးစိတ်ဓာတ်ကိုအခြေခံသော ပေါင်းစုအင်အားဖြင့် တက်ညီလက်ညီဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များကို ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ အတိအလင်းချမှတ်ပြီး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ “အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်”ဟူသော ရှေ့လုပ်ငန်းစဉ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၉-၁-၂၀၂၃) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၁၀-၁-၂၀၂၃)ရက်နေ့၊ ည(၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း(၄,၅၉၆)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်(၂)ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၀၄) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စီမံခန့်ခွဲရေးကော်မတီညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြုစစ်ရေးပြစစ်ကြောင်းတွင် ပါဝင်ကြသည့် ဝန်ထမ်းများ၊ အထိုင်စစ်ကြောင်းတွင်ပါဝင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ဂုဏ်ပြုယာဉ်ပေါ်/ ယာဉ်အောက် သရုပ်ပြပါဝင်ခဲ့ကြသည့်ဝန်ထမ်းများကို ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် Western Park Restaurant ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Manjurul Karim Khan Chowdhury ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်