Sep 20, 2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Sep 20, 2023
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Sep 20, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှ ကုန်ပစ္စည်းများတင်ဆောင်၍ ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းနှင်လာသည့်ရေယာဉ်များအနက် ကြယ်မင်း(၄)ရေယာဉ်သည် စက်တင်ဘာ ၁၉ ရက်နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာအနီးသို့အရောက်၌ ရေဝဲအတွင်းသို့ရောက်ရှိကာ နစ်မြုပ်သွားခဲ့ကြောင်း သိရှိရသည်။
Sep 20, 2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်များတပ်ဆင်အပ်နှင်းခြင်း၊ စစ်ဝတ်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ ၁၉ ရက်နှင့် ယနေ့တို့တွင် ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ပိုင်ဦးနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များတက်ရောက်ကြသည်။
Sep 20, 2023
ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
Sep 20, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်အတွင်းရှိ နမ့်ထွမ်ချောင်းရေမှ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုကြသည်။
Sep 20, 2023
ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များတည်ထောင်ရေး၊ နိုင်ငံတကာအဆင့်မီသုတေသန အခြေပြုတက္ကသိုလ်ကြီးများဖြစ်ပေါ်လာရေး၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် မန္တလေးနည်းပညာတက္ကသိုလ်တို့တွင် Washington Accord နှင့်အညီ အင်ဂျင်နီယာအထူးပြု ပညာရပ်ဆိုင်ရာ အရည်အသွေးစိစစ်အသိအမှတ်ပြုမှုရရှိရေး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပသည်။
Sep 20, 2023
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာအမျိုးသားလေကြောင်း (Myanmar National Airliens-MNA) ၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပတ်လည်နေ့ ဂုဏ်ပြုညစာစားပွဲကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ပြည်လမ်းရှိ Novotel Hotel Yangon ၌ ကျင်းပသည်။
Sep 20, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၁၉-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၀-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၆၂၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၅) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၉) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Sep 20, 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ Mr. Watanabe Yusuke ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 20, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 20, 2023
အိန္ဒိယနိုင်ငံ နည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC Day-2023 အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
Sep 20, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ကာတာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာ အမ် အေ အယ်လ်-ကူဝါရီ ကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 20, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် ဘေဂျင်းမြို့ရှိ ဟန်ဇင်းနည်းပညာကုမ္ပဏီ (Hisign Technology Co.Ltd) သို့သွားရောက်လေ့လာရာ ကုမ္ပဏီဥက္ကဋ္ဌ Mr. Liu Xiaochun က ကုမ္ပဏီ၏ နည်းပညာဆိုင်ရာထုတ်ကုန်များ အခြေအနေနှင့်စွမ်းဆောင်နိုင်မှု၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် Biographic နှင့် ဇီဝဆိုင်ရာအချက်အလက် Biometric ကောက်ယူနိုင်သည့် နည်းပညာဆိုင်ရာစက်ကိရိယာများ အသုံးပြုဆောင်ရွက်မှုအခြေအနေတို့ကို လိုက်လံရှင်းလင်းပြသည်။
Sep 20, 2023
နိုင်ငံတော်ပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းသည် ခရီးသည်တင်လေယာဉ်ခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲလျက်ရှိရာမှ လေကြောင်းဖြင့် ကုန်စည်များသယ်ယူပို့ဆောင်ရေးကိုပါ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် လေကြောင်းကုန်စည်ပို့ဆောင်ရေး ခရီးစဉ်များကိုပါ ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ပထမဦးဆုံး လေကြောင်းကုန်စည်ပို့ဆောင်ရေးခရီးစဉ်အဖြစ် Boeing 737-400 အမျိုးအစား ကုန်တင်လေယာဉ်ဖြင့် စက်တင်ဘာ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ စတင်ပျံသန်းပြေးဆွဲခဲ့သည်။
Sep 20, 2023
အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်း Asia-Pacific Institute for Broadcasting Development (AIBD)က ကျင်းပသည့် လူမှုမီဒီယာနှင့်သတင်းတုသတင်းမှားများ ဖြစ်ပေါ်နေသည့်ခေတ်တွင် သတင်းထောက်များ စိတ်ပျော်ရွှင်စွာဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် စပ်လျဉ်းသည့် အွန်လိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းကကျင်းပရာ မြန်မာအသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
Sep 20, 2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ငွေကျပ်သိန်း ၁၆၈၀ တန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာသည့် ဓာတုပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Sep 20, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
Sep 20, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ e-ID စနစ် လုပ်ငန်းဆောင်ရွက်မှုနှင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းတို့နှင့်အတူ စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီ မိနစ် ၄၀ က ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဘေဂျင်းမြို့သို့ လေကြောင်းခရီး ဖြင့်ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
Sep 20, 2023
၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ Southeast Asia Primary Learning Metrics (SEA-PLM) စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ အကြိုစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည်။
