စိန်ရတုမှသည် ကမ္ဘာတည်သရွေ့ လွတ်လပ်ရေးနေ့ပေါင်းများစွာဆီသို့ . . . .
မြန်မာတွေ ကျွန်ဘဝမှလွတ်ကင်းပြီး သခင်ဘဝကို ပြန်လည်ရောက်ရှိခဲ့ကြသည်မှာ စိန်ရတုခရီးပင်ရှိခဲ့ပါပြီ။ လွတ်လပ်ရေးရယူစဉ်တုန်းက ကြိုးပမ်းခဲ့ကြသူတိုင်းတွင် တစ်စိတ်တည်း၊ တစ်ဆန္ဒတည်းဖြင့် လွတ်လပ်ရေးကိုအရယူမည်ဟု သန္နိဋ္ဌာန်ချခဲ့ကြပေသည်။ မျိုးဆက်သာပြောင်းခဲ့သည်။ ထိုပြင်းပြသည့် မွန်မြတ်စိတ်ထားသည် မပြောင်းလဲခဲ့ပေ။
