အစိမ်းရောင်လွင်ပြင် ဗန်းမော်ရင်ခွင်(၂)
စိန်လုံမှ အရှေ့ဘက်သို့လာလျှင် ယောယုံတောင်အထိ တောင်ကြောတစ်ဆက်တည်းဖြစ်၏။ ယောယုံစခန်းပတ်လည်တွင် ဖလန်တောင်ကြောရှိသည်။ ယောယုံမှကြည့်လျှင် တရုတ်ပြည်ဘက်သို့ လှမ်းမြင်ရသည်။ ယောယုံသည် လွယ်ဂျယ်ကွင်းကို စိုးမိုးထား၏။ စာရေးသူသည် ယောယုံတောင်ကြောပေါ်မှ လှမ်းမြင်ရသည့် လွယ်ဂျယ်မြင်ကွင်းများကို ငေးကြည့်နေမိသည်။ တောင်အောက်မှ ပင့်တိုက်လာသော လေနုအေးအေးကိုခံစားရင်း ဤဒေသတွင် ဖြစ်ပွားခဲ့သော တပ်မတော်သားတို့၏ အတိတ်ရပ်ဝန်း အောင်ပွဲများကို တွေးတောဖြတ်သန်းမိပါသည်။
