Oct 25, 2020
ရန်ကုန်မြို့၏ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုအခြေအနေ အနိမ့်အမြင့် အတက်အကျ ဇယားကို နိုင်ငံအဝန်းက ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါသည်။ ရန်ကုန်က မြန်မာနိုင်ငံ၏ ဗဟိုချက်ကဲ့သို့ဖြစ်နေပြီး အရေးအကြောင်းကြီးငယ်ပေါ်လျှင် အဓိကကျသော ကျန်းမာရေး အစောင့်အရှောက်ကလည်း အခြားဒေသတို့နှင့် နှိုင်းစာလျှင် ပို၍ စုံစုံလင်လင်ရှိ၏။
Oct 24, 2020
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်အသင်းဖြစ်မြောက်ရေးကော်မတီက စီစဉ်ကျင်းပသည့် ဒစ်ဂျစ်တယ် ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏အရွေ့ အွန်လိုင်းဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မြန်မာစာအုပ်စင်တာ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန့်သော်ကောင်းနှင့် စကားဝိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသူများ၊ သတင်းမီယာသမားများနှင့် စိတ်ပါဝင်စားသူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။
Oct 24, 2020
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ နည်းဥပဒေနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာမူဝါဒများ ရေးဆွဲခြင်းလုပ်ငန်းများ အတွက် နည်းဥပဒေရေးဆွဲရေး လုပ်ငန်းအဖွဲ့ဝင်များနှင့် မူဝါဒရေးဆွဲရေးနည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ အမြင်ချင်းဖလှယ် ညှိနှိုင်းသည့် အစည်းအဝေးကို ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Oct 24, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်း ကြောင့် ပြည်ပ နိုင်ငံအရပ်ရပ်၌ စာချုပ်သက်တမ်းကုန်လွန်၍ အခက်အခဲကြုံတွေ့ နေရသည့် မြန်မာ သင်္ဘောသားများအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အဖွဲ့ချုပ်တို့မှ ပူးပေါင်းစီစဉ်သည့် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ကိုရီးယား သမ္မတနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀ ၀၀)နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာပြန်လည် ရောက်ရှိခဲ့ကြသည်။ အဆိုပါ ကယ်ဆယ်ရေး လေယာဉ်တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၇၉)ဦး၊ ဗြိတိန်မှ (၂၉)ဦး၊ အင်ဒိုနီးရှားမှ (၈)ဦး၊ ဘယ်လ်ဂျီယံမှ (၅)ဦး၊ ကနေဒါမှ (၃)ဦး၊ ဩစတြေးလျမှ (၂)ဦး၊ စင်ကာပူမှ (၁)ဦး၊ ဘရာဇီးလ်မှ (၁)ဦး၊ Trinidad and Tobago မှ (၁)ဦး၊ အီတလီမှ (၁၀)ဦး၊ အီဂျစ်မှ (၂)ဦး၊ ပနားမားမှ (၁)ဦး၊ အမေရိကန် ပြည်ထောင်စုမှ (၁)ဦး ၊ မြန်မာသင်္ဘောသား စုစုပေါင်း (၁၄၃)ဦး လိုက်ပါ ခဲ့ကြပါသည်။
Oct 24, 2020
စင်ကာပူရှိ မြန်မာသံရုံးနှင့် တိုကျိုမြို့ရှိ မြန်မာသံရုံးတို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲ လက်မှတ်များပါဝင်သည့် ချိတ်ပိတ်ထားသော သံတမန် ချောအိတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။
တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်း
Oct 24, 2020
နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲက တပ်ကုန်းမြို့ရှိ မဟာဇနကကျောင်းတိုက်၊ မဟာဇနကဗိမာန်တော်ကြီး၌ ကျင်းပသည်။
Oct 24, 2020
မြန်မာရုပ်ရှင်ချစ်ပရိသတ်များ စွဲလမ်းနှစ်သက်ခဲ့သော “ဘယ်သူပြိုင်လို့ လှပါတော့နိုင်” ရုပ်ရှင် ဇာတ်ကား ကို ကိုရီးယားရုပ်ရှင်ကောင်စီက Digitization ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့တွင် ၎င်းဇာတ်ကား၏ Digital Version နှင့် မူရင်းဖလင်များကို ပြန်ကြားရေး ဝန်ကြီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
Oct 24, 2020
သည်ကနေ့ ၂၃ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ် သောကြာနေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌဖြစ်သူ ဟံသာ၀တီ ဦးအုန်းကြိုင်ဆုံးပါးသွားခဲ့ပါသည်။ ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး ဆေးကုသ ခံယူနေရာက ပိုးကင်းရှင်း ပျောက်ကင်းပြီဟုသိရပြီး ဆေးရုံမှဆင်းရတော့ မည့် အချိန်တွင် အူနှင့်ပတ်သက်သောရောဂါကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရာမှ အူမကြီးပေါက်ခြင်းနှင့် ယင်းကြောင့် သွေးဆိပ်ပျံ့နှံ့ကာ ကိုယ်တွင်းအင်္ဂါများ ပျက်စီးမှုကြောင့် တိမ်းပါးသွားခဲ့ကြောင်း ကျန်ရစ်သူ မိသားစုဝင်များ၏ ပြောပြချက်အရ သိရပါသည်။
Oct 24, 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ တပ်မတော်နှင့် AA အကြမ်းဖက် သောင်းကျန်းသူများ အကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးနှစ်ဦးသေ ကျေခဲ့မှုအပေါ် UNCTFMR က စိုးရိမ်ကြောင်း သတင်းထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ချက်တစ်ရပ်ကို ယနေ့တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
Oct 24, 2020
မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်၊ နည်းစနစ်ကော်မတီနှင့် ကိုရီးယားနိုင်ငံ (Taekwondo Promotion Foundation)တို့ ပူးပေါင်း၍ မြန်မာတိုက်ကွမ်ဒိုအားကစားနည်းတိုးတက်မြင့်မားရေး၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ထွက်ပေါ်လာရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးနှင့် ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်- ၁၉ စိတ်ဖိစီးမှုများ လျော့ကျလာစေရေး၊ ကျန်းမာ၊ ကြံ့ခိုင်လာစေရန်နှင့် မိမိကိုယ်မိမိ ယုံကြည်လာစေရေး အလေးပေးဆောင်ရွက်သော လှုပ်ရှားမှုတစ်ခုအဖြစ် မြန်မာတစ်နိုင်ငံလုံးရှိ တိုက်ကွမ်ဒိုအသင်းအဖွဲ့များမှ မိမိတို့ အသင်းကစားသမားများအား နေအိမ်နေသည့်ကာလ တစ်လျှောက်တွင် Zoom Virtual Taekwondo Training များဖြင့် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Oct 24, 2020
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလ ရှင်ကျောင်းများသို့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဇမ္ဗူသီရိမြို့ နန်းဦး ကျောင်းတိုက် ဓမ္မာရုံကြီး၌ ကျင်းပ သည်။
Oct 24, 2020
ယခုအချိန်သည် တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲနိုင်ရန် ငြိမ်းချမ်းရေးအတွက် အရှိန်အဟုန်မြှင့်၍ တွန်းအားပေး ဆောင်ရွက်ကြရမည့်အချိန်ဖြစ်
Oct 24, 2020
ပညာအမွေပေးရာ ရန်ကုန်တက္ကသိုလ်သည် သမိုင်းကြောင်းအစဉ်အလာ ကြီးမားပေသည်။ အမျိုးသားရေးကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တက္ကသိုလ်မြေတွင် ထူးချွန်ထက်မြက်သည့် မြန်မာလူငယ်လူရွယ်များက အဆင့်မြင့်ပညာ သင်ယူရင်း တိုင်းပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် သမိုင်းကြောင်း အစဉ်အလာများ ထင်ရှားစွာရှိခဲ့ပေသည်။
Oct 24, 2020
ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုသည် ကမ္ဘာတစ်ဝန်းတွင် အတန်ငယ် နှေးကွေးသွားသလို၊ ငြိမ်ဆိတ်သွားသလို ရှိနေရာမှ ကူးစက်မှုအရှိန် ပြန်လည်မြင့်တက် လာခဲ့ပါသည်။ ထိုပြန်လည် လှုပ်ခတ်လာသည့် လှိုင်းဂယက်သည် နိုင်ငံအများအပြားကို အရှိန်ပြင်းစွာ ရိုက်ခတ်ပါလေသည်။ ။
Oct 23, 2020
(၆)ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး ကို အောက်တိုဘာ ၂၁ ရက် ညနေပိုင်းတွင် Virtual Meeting ဖြင့် ကျင်းပသည်။
Oct 23, 2020
အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အကျဉ်းထောင် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပြုလုပ်သည်။
Oct 23, 2020
(၇၈) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီ အစည်းအဝေး (The 78th Meeting of ASEAN Committee on Science, Technology and Innovation- COSTI 78) ကို အောက်တိုဘာ ၂၁ ရက်မှ အောက်တိုဘာ ၂၂ ရက် အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
Oct 23, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၈)ဦးအား မြန်မာသံရုံး၊ စင်ကာပူမြို့မှ စီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ (၁၇ ၀၀) နာရီအချိန် တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ အသီးသီး ပြန်လည် ရောက်ရှိခဲ့ကြပါသည်။
Oct 23, 2020
Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိ နေရပ်စွန့်ခွာသူများ အတွက် လူသုံးကုန်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Oct 23, 2020
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Chan Chun Sing တို့သည် ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။
