Nov 18, 2021
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ( ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီနှင့် ကော်မတီဝင်များ သည် ယနေ့နံနက် ၇ နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ပတ်လမ်းသို့ ရောက်ရှိပြီး ဦးထောင်ဘိုအဝိုင်းမှ ဦးအောင်မြတ်လမ်းအထိ အရှည် ပေ ၅၅၀၀၊ ( အကျယ် ၂၂ ပေ၊ ဒု နှစ်လက်မရှိ ကတ္တရာကွန်ကရစ် ခင်းကျင်းနေမှုကိုလည်းကောင်း၊ ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နေမှု၊ ကန်တော်ကြီး ဟိုတယ်နှင့် ငါးပြတိုက်အဟောင်းဝန်းကျင် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ရန်လိုအပ်ချက်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Nov 18, 2021
ပြင်ဦးလွင်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မန်နေဂျာ ဦးအောင်ဘိုဘို လင်းနှင့်အဖွဲ့သည် ယမန်နေ့ ညပိုင်းက ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၉) နယ်မြေ(၃) ကိုယ်ထူကိုယ်ထစနစ်ဖြင့် နိုင်ငံတော်မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ပို့လွှတ်ရေး အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။
Nov 18, 2021
မြန်မာနိုင်ငံ၌ ဆရာ ဆရာမများအပေါ် အနန္တာအနန္တဂိုဏ်းဝင်အဖြစ် ရိုသေလေးစားမှုရှိစွာဖြင့် ရှေးယခင်ကတည်းကပင်ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ်ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိရမည် ဖြစ်သည်။
Nov 18, 2021
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၆ရက် ည ၇ နာရီ မိနစ် ၄၀ တွင် မြဝတီ မြို့ အမှတ် (၄) ရပ်ကွက် ဘုရင့်နောင်လမ်းတွင် မင်းထွန်းဦးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ် မိုင်းတွမ်းကျေးရွာအုပ်စု ပါခါးကျေးရွာအနီးရှိ မိုင်းဆတ်-တာချီလိတ်ကားလမ်းတွင်ညီလှိုင်မောင်းနှင် လာသည့် ယာဉ်ကိုစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ ကိုလည်းကောင်း။
Nov 18, 2021
မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်တွင် ငွေကျပ်သိန်း ၅၆၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
Nov 18, 2021
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် မြဝတီ၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီ ကုန်သွယ်ရေးစခန်း သုံးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှ ယာဉ်စီးရေလေးစီးဖြင့် အောက်ဆီဂျင်(အရည်)Bowser ယာဉ်တစ်စီး ဖြင့် တန် ၂၀၊ PPE ဝတ်စုံ ၄၄၀ နှင့် နှာခေါင်းစည်း (Mask) ၁၄ တန်တို့ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်)Bowser ယာဉ်တစ်စီးမှာ မြဝတီစခန်းမှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။
Nov 18, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များ ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိသည်။
Nov 18, 2021
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၁၆ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းရွှေဟော်မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၆၇ ဦး၊ အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၉၁ ဦးနှင့် လောက်ကိုင်မြို့သို့ပြန်လည်ဝင်ရောက်လာသူ မျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၅ ဦးတို့ကို အသီးသီးလက်ခံခဲ့ကြသည်။
Nov 18, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
Nov 18, 2021
သုံးလောကထွတ်ထား သဗ္ဗညုတမြတ်စွာဘုရားရှင်သည် သာမညဖလသုတ္တန် ဒေသနာတော်ကို တန်ဆောင်မုန်းလပြည့်နေ့ညတွင် အဇာတသတ်မင်းကြီးအား ဟောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကိုသာမညဖလ အခါတော်နေ့ဟု အထူးပြုခဲ့ပါသည်။ သာမညသည် ရဟန်း၊သာမဏေပြုလုပ်ခြင်း၊ ဖလသည် အကျိုးကျေးဇူးဖြစ်သည်။ ရဟန်းသာမဏေ၏ အကျိုးကျေးဇူးကို စတင် သိရသောနေ့ဖြစ်သည်။
Nov 18, 2021
တန်ဆောင်မုန်းလ ည၏ကောင်းကင်သည် ဆီးနှင်းမြူတိမ်တို့ ပကတိကင်းစင်လျက် ကြည်လင်၍နေသည်။ လပြည့်ည ဝန်းစက်သော လမင်းသည်လည်း ကြယ်နက္ခတ်အပေါင်းတို့ ခြံရံကာ မြေကမ္ဘာကို အလင်းဓာတ်တို့ ဖြန့်ကြက်ပေးနေသည်။ ညသည် ကြည်လင်နေသည်။ ညသည် အေးမြနေသည်။ ညသည် တောက်ပနေသည်။ ညသည် တိတ်ဆိတ်နေသည်။ အာဏာကို အာသာ ငမ်းငမ်းရယူလိုသည့် ရမ္မက်မီးတို့ တညီးညီးတောက်လောင်လျက် မိမိ၏လိုဘကို ဖြည့်ရန်အလို့ငှာ အဖအရင်းကို သတ်ခဲ့သော ဘုရင်အဇာတသတ်အား ထိုလပြည့်ညက ညှို့ယူဆွဲဆောင် နေလေသည်။ သူသည် ရာဇပလ္လင်ပေါ်ထိုင်နေရသည်တိုင် မင်းစည်းစိမ်တို့ကို မခံစားနိုင်ဘဲ အဖကို သတ်ခဲ့မိသော ပဉ္စာ နန္တရိယကံကြီးကခြောက်လှန့်မှုကြောင့် အချိန်တိုင်းမှာ ပူပန်နေရသလို ညတိုင်းမှာလည်း ခြောက်အိပ်မက်များနှင့် အိပ်ပျက်ရပေါင်း များခဲ့ပြီဖြစ်သည်။
Nov 17, 2021
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော CRPH NUG နှင့် PDF အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၂ ရက်တွင် လုံခြုံရေးပူးပေါင်း အဖွဲ့သည် သတင်းအရ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အင်းဝအိမ်ရာတွင် အောင်ဇင်ဖြိုး(ခ)မင်းကြီး (၁၉)နှစ်အား ဖမ်းဆီးရမိခဲ့သည်။
Nov 17, 2021
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Nov 17, 2021
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ နံနက် ၇ နာရီ မိနစ် ၄၀ တွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်း၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၁၃) ကြိမ်မြောက် အဆင့်မြင့် စကားဝိုင်း ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပါဝင်တက်ရောက်သည်။
