Skip to main content

ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တစ်နှစ်တာကို ဖြတ်ကျော်ခဲ့ပြီးနောက် မကြာမီ ၂၀၂၄-၂၀၂၅ ပညာ သင်နှစ်ကာလကို ရောက်ရှိတော့မည်ဖြစ်ပါသည်။ ပညာရေးသည် ရပ်တန့်၍ရသောအရာ မဟုတ်သည့် လူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားအယူအဆအမြင်တို့ ဖွံ့ဖြိုးတိုးတက် စေရန် ဆောင်ရွက်ရသည့် ဖြစ်စဉ်ဖြစ်သည်ကို ပညာရှင်များက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ ၂၁ ရာစု ခေတ်သည် ပညာခေတ်ဖြစ်သည့်အားလျော်စွာ ဘဝခရီးဖြတ်သန်းရာတွင် ပညာသည် အဆုံးအဖြတ် တစ်ခုဖြစ်သည့် ခေတ်ရေစီးကြောင်းနှင့်အညီ လိုက်ပါစီးမျောရန်မှာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး၊ ပညာတတ်ဖြစ်ရေးပင်ဖြစ်သည်။ လူငယ်များမိမိတို့၏ဆန္ဒ၊ မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန်အတွက် ကလေးဘဝမှစ၍ ပညာကိုအပတ်တကုတ် ဆည်းပူးလေ့လာရန် လိုအပ်သကဲ့သို့ ပညာဆည်းပူးလေ့လာသင်ယူရာတွင် စာသင်ကျောင်းသည် အကောင်းဆုံး၊ အသင့် တော်ဆုံး ပညာသင်ယူရာဌာနဖြစ်၍ ပညာပေးရာ စာသင်ကျောင်းသို့ ကျောင်းနေအရွယ်ကလေး အားလုံးရောက်ရှိရန်မှာ အလွန်အရေးကြီးပေသည်။

လူငယ်နှင့်စာဖတ်ခြင်း (စာကြည့်တိုက်ယဉ်ကျေးမှုအစ စာသင်ကျောင်းက)

စာကြည့်တိုက်သည် စာအုပ်ပေါင်းများစွာတို့၏ နေအိမ်ဖြစ်၏။ စာအုပ်များစွာရှိရာနေရာဖြစ်၏။ မြန်မာအဘိဓာန်၌ စာကြည့်တိုက်ကို “ကြည့်ရှု လေ့လာရန်၊ ငှားရမ်းရန်စာအုပ်များ သိမ်းဆည်းထားရာ အဆောက်အအုံ” ဟု အနက်ဖွင့်သည်။ စာကြည့်တိုက်တွင် အကြောင်းအရာပေါင်းများစွာ၊ ပညာရပ်ပေါင်းများစွာပါရှိသော စာအုပ်စာစောင်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့သာမက စာအုပ်မဟုတ်သော အခြားလေ့လာစရာအရာများ စနစ်တကျ စုစည်းထားသည်။ စာကြည့်တိုက်ကို အံ့ဩဖွယ်ရာအပေါင်းနှင့် ပြည့်လျှမ်းနေသော ကမ္ဘာကြီးဟုဆိုနိုင်၏။

ကျောင်းဥပဓိရုပ်ကောင်းမွန်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ …

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ဥပစာရှေ့မှာ ကျောင်းရဲ့ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအဖြစ် ခန့်ခန့်ညားညား ဂုဏ်ပြုဖော်ပြထားတဲ့ မှတ်တမ်းဓာတ်ပုံ ဗီနိုင်းဘုတ်ကြီးကို ကျွန်မဖြတ်သွားဖြတ်လာပြုတိုင်း တခုတ်တရ ကြည့်ဖြစ်အောင် ကြည့်မိတယ်။

ဓနုဖြူမြို့နယ်၌ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး အသိပညာပေး Talk Show ကျင်းပ

ဓနုဖြူမြို့နယ်၌ သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး အသိပညာပေး Talk Show ကျင်းပ ဓနုဖြူ မေ ၂၂ မြို့နယ်(ပြန်/ဆက်)

ကျုံပျော်မြို့နယ်၊ Community Centre ခန်းမတွင် ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ Talk Show

ကျုံပျော်မြို့နယ်၊ Community Centre ခန်းမတွင် ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ Talk Show ကျုံပျော် မေ ၂၂ လပြည့်ဦး(ပြန်/ဆက်)
Subscribe to