Skip to main content

တစ်ခေတ်တစ်ခါက သမဝါယမစီမံကိန်းများ

ဆောင်းပါးခေါင်းစဉ်နှင့် စပ်လျဉ်း၍ ထိုခေတ်ထိုကာလကို မမီလိုက်၍ လှမ်းမျှော်ကြည့်မိသောတစ်ချိန်က သမဝါယမသမိုင်းကြောင်းများ၊ လုပ်ငန်းကဏ္ဍများ၊ ငယ်စဉ်ကလေးဘဝမှစ၍ ဖြတ်သန်းခဲ့ဖူးသော သမဝါယမပုံရိပ်များ၊ မမျှော်လင့်ဘဲလက်တွေ့ကိုယ်တိုင် ပါဝင်ထမ်းဆောင်ခွင့်ရလာသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒလုပ်ငန်းစဉ်များအကြောင်းကို မိမိဉာဏ်မီသမျှ၊ တတ်စွမ်းသမျှ ရေးသားတင်ပြမည်ဟု ကြံရွယ်ချက်ဖြင့် ပထမဆုံးဆောင်းပါးကို တာလွှတ်လိုက်သောအခါ ပေးလိုက်မိသောခေါင်းစဉ်က “ထို့ကြောင့် ဤအရာကို သမ/ကျေးလက်ဟုခေါ်ပါသည်” ဟူ၍ ဖြစ်သွားခဲ့ချေပြီတမုံ့။ နောက်ဆုံးမှရောက်လာမည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအကြောင်းကို ခေါင်းစဉ်တပ်ရခြင်းအကြောင်းရင်းက ကျွန်တော့်မှာ ခိုင်လုံစွာရှိနေပါသည်။ နယ်စပ်ရေးရာဝန်ကြီးဌာန(နတလ)တည်းဟူသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ ၂၃ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ဝန်ထမ်းဘဝကို နှုတ်ဆက်ခွဲခွာရချိန်၌ “နယ်စပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ၂၈ နှစ်တာခရီး” စာအုပ်ကို ရေးသားပြုစု၍ အမှတ်တရထားရှိနိုင်ခဲ့ပါသည်။ ယခုလည်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခွင့်ရခဲ့သော အချိန်ကာလတစ်ခုအတွက် အမှတ်တရစာအုပ်တစ်အုပ်ထားခဲ့ချင်ပါသည်။ ထိုသို့ ရေးသားထုတ်ဝေဖြစ်ခဲ့လျှင် ကျွန်တော်ပေးချင်သောခေါင်းစဉ်မှာ “ထို့ကြောင့် ဤအရာကို သမ/ ကျေးလက်ဟုခေါ်ပါသည်” ဟူ၍။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပ

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပ အိမ်မဲ ဇွန် ၁၄ ချစ်သက်လယ်
Subscribe to