Skip to main content

ပိုးလမ်းမရပ်ဝန်းနိုင်ငံများအတွက် သစ်သီးဝလံများ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အသုံးချခြင်းဆိုင်ရာ နည်းပညာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ MOFCOM ၏ ထောက်ပံ့မှုအစီအစဉ်ဖြင့် “Seminar on Food Processing and Utilization for Belt and Road Countries” သို့ တက်ရောက်ရန် မြန်မာကိုယ်စား လှယ်အဖွဲ့ဝင် ငါးဦးသည် ရန်ကုန်မြို့မှ ပေကျင်းမြို့သို့ ၆-၅-၂၀၂၄ မှ ၂၁-၅-၂၀၂၄ ရက်နေ့အထိ သွားရောက်ခဲ့ပါသည်။

ကမ္ဘာပေါ်က အစောဆုံးသမဝါယမအကြောင်း သိကောင်းစရာ

ကမ္ဘာ့ပထမဆုံး သမဝါယမအသင်း ရော့ခ်ဒေးလ်သမဝါယမစနစ်သည် ခရစ်နှစ် ၁၈၀၀ ကျော်နှင့် ၁၉ ရာစုအတွင်း ဥရောပနိုင်ငံအချို့တွင် တဖြည်းဖြည်း စတင်ပေါ်ပေါက်လာနေပြီဖြစ်သည်။ ၁၉ ရာစုအတွင်း ပေါ်ပေါက်လာသည်ဆိုရာတွင် အဆိုပါသမဝါယမစနစ်ကို လူအများ အမှန်တကယ် အကျိုးရှိရှိခံစားနိုင်အောင် ထိရောက်အောင်မြင်စွာကျင့်သုံးနိုင်ခဲ့သော ကမ္ဘာ့ပထမဆုံးသမဝါယမအသင်း စတင်တည်ထောင်ဖွဲ့စည်းခဲ့သည့်အချိန်ကာလကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ စီးပွားရေးကျပ်တည်းလာမှု၊ စားဝတ်နေရေးမပြေလည်မှု၊ လူမှုရေးအခက်အခဲများဖြစ်ပေါ်လာမှုတို့ကြောင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့လာရသောအခါ ယင်းအခြေအနေမှ လွတ်မြောက်ရန်အတွက် ၁၈ ရာစု အလယ်ပိုင်းလောက်တွင် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြရင်း ရှေ့ပြေးသမဝါယမအသင်းများကို စမ်းသပ်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။

နေရပ်ပြန်အရေးနှင့် မြန်မာနိုင်ငံအတွက် အမှန်တရား

အမှန်တရားနှင့်ပတ်သက်၍ မပြောင်းလဲသော အမှန်တရားတစ်ခုမှာ တည်တံ့ခိုင်မြဲခြင်းပင်ဖြစ်သည်။ မုသားက မည်မျှပင်အားကြီးပါစေ၊ မုသားမည်မျှပင် ခွန်အားပြင်းပြင်း လွှမ်းခြုံထားပါစေ အချိန်ကာလ၏ တိုက်စားမှုအောက်တွင် အမှန်တရားဆိုသည်မှာ မှောင်မိုက်မှုအကြားမှ ငွားငွားစွင့်စွင့် ထွက်ပေါ်လာသည့် သူရိန်နေမင်းကြီးကဲ့သို့ပင် ပေါ်ထွက်လာကာ မုသာဝါဒတို့ လွင့်စဉ်ရစမြဲ။

မူးယစ်ကုန်ကူးမှုနှင့် AA သောင်းကျန်းသူ

မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာသည် ကိုလိုနီလက်အောက်ကျရောက်စဉ်ကပင် စတင်ခဲ့ပါသည်။ နယ်ချဲ့ကိုလိုနီတို့၏လုပ်ရပ်အတိုင်း တိုင်းရင်းသားများအား သွေးခွဲခြင်းနှင့် သွေးကွဲစေခြင်းတို့ကို ဆောင်ရွက်ရန် ဘိန်းသုံးစွဲမှုနှင့် ဘိန်းစိုက်ပျိုးမှုကို စီးပွားရေးနှင့်နိုင်ငံရေးအရ ဆောင်ရွက်လာရာမှ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များ ပေါ်ပေါက်လာကာ ၎င်းတို့ရေရှည်ရပ်တည်နေနိုင်ရေးအတွက် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းကုန်ကူးခြင်းတို့ကို ဆောင်ရွက်ရာမှ မူးယစ်ဆေးဝါးပြဿနာသည် ဆက်လက်တည်ရှိနေခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များ၏ပြဿနာကို ဖြေရှင်းနေစဉ် အိမ်နီးချင်းနိုင်ငံမှ ကူမင်တန်တပ်များ၏ ကျူးကျော်မှုပြဿနာကို ဖြေရှင်းခဲ့ရပြီး ၎င်းတို့၏အမွေဆိုးဖြစ်သော ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူချက်လုပ်မှုများမှာ နိုင်ငံအတွင်း အမြစ်တွယ်ကျန်ရစ်ခဲ့ပါသည်။

PDF အမည်ခံ အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် မြတ်ပုညပရဟိတအသင်းယာဉ်ပေါ်တွင် အဖော်အဖြစ်လိုက်ပါလာသော စခမကျေးရွာမှ ဦးအောင်မျိုးသောင်း၏ ပြောဆိုချက်

PDF အမည်ခံ အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် မြတ်ပုညပရဟိတအသင်းယာဉ်ပေါ်တွင် အဖော်အဖြစ်လိုက်ပါလာသော စခမကျေးရွာမှ ဦးအောင်မျိုးသောင်း၏ ပြောဆိုချက်

ဥတုရာသီညီမျှဖို့ သစ်ပင်စိုက်ပျိုးကြပါစို့

မေလအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံသို့ မုတ်သုံလေဝင်ရောက်မှုသည် မျှော်မှန်းထားသည့် အချိန်ထက်စောခဲ့သည်။ မုတ်သုံလေနှင့်အတူ အားလုံးမျှော်လင့်နေသော “မိုး’’ လည်း တစ်ပါတည်းပါလာသည်။ မိုးရွာသွန်းမှုကြောင့် အပူချိန်သိသိသာသာကျဆင်းသွားခဲ့သည်။ ထို့အတူ သဘာဝပတ်ဝန်းကျင်သည်လည်း တဖြည်းဖြည်းအစိမ်းရောင်လွှမ်းလာသည်။ မိုးရာသီရောက်ပြီဆိုလျှင် နိုင်ငံသားတိုင်း မဖြစ်မနေဆောင်ရွက်သင့်သော တာဝန်တစ်ရပ်ရှိနေသည်။ ထိုတာဝန်ကားအခြားမဟုတ်ချေ။ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုညီမျှမှုကို ထိန်းသိမ်းစေနိုင်သော သစ်ပင်များစိုက်ပျိုးရေးပင်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ သမဝါယမစနစ် ဆောင်ရွက်ချက်များ လေ့လာခြင်း

အိမ်နီးချင်းနိုင်ငံများ၏ သမဝါယမစနစ်ဖြစ်ထွန်းမှု၊ ဆောင်ရွက်မှုပုံစံ၊ အားသာချက်၊ အားနည်းချက်များကို လက်လှမ်းမီသမျှ လိုက်လံလေ့လာရင်းဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမဝါယမစနစ်အကြောင်းကို ဦးစွာရေးသားဖြစ်ခဲ့သည်။ ယခုတစ်ဖန် အိန္ဒိယနိုင်ငံ၏ သမဝါယမစနစ် ဆောင်ရွက်ချက်များကို လေ့လာသုံးသပ်မိသမျှ ပြန်လည်မျှဝေချင်မိရပြန်သည်။ မိမိတို့နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံများ၏ အောင်မြင်သောသမဝါယမစနစ် ဆောင်ရွက်ချက်များကို လေ့လာရင်း သုံးသပ်ရင်းဖြင့် မိမိနိုင်ငံ၏သမဝါယမကဏ္ဍ ဖွံ့ဖြိုးမှုအနေအထားနှင့် ချိန်ထိုးနှိုင်းဆအဖြေရှာကြည့်ရင်း တကယ်လုပ်ရင် တကယ်အောင်မြင်မည်ဖြစ်၍ သမဝါယမအသင်းများသို့ တွန်းအားပေးဆောင်ရွက်ရန် တွေးမိလာရသည်။

လူညွန့်တုံး၊ လူမျိုးတုံးစေတတ်သော မူးယစ်နွယ်ဝင်မှန်သမျှကို ရှောင်ရှားနိုင်ကြပါစေ

ဇွန်လ ၂၆ ရက်နေ့သည် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ - International Day Against Drug Abuse and Illicit Trafficking” ဖြစ်သည်။ ဇွန်လ ၂၆ ရက်နေ့ကို သတ်မှတ်ရသည့် သမိုင်းကြောင်းရှိပါသည်။ တရုတ်ပြည်တွင် ပထမဘိန်းစစ်ပွဲဖြစ်ခါနီး ၁၈၃၉ ခုနှစ်မှာ ဥရောပတိုက်သားများဖြစ်ကြသော ပေါ်တူဂီ၊ စပိန်နှင့် ဒတ်ချ်ကုန်သည်များက တရုတ်ပြည်ကို ဘိန်းများရောင်းချရန်အတွက် ဂွမ်ဒုန်းပြည်နယ် ဟူမင်းမြို့သို့ ရောက်လာကြသည်။ ထိုအခါ ဖူးကျန့်ပြည်နယ်အုပ်ချုပ်ရေးမှူး Li Zexu ဆိုသူက ဇွန်လ ၂၆ ရက်နေ့တွင် ဟူမင်းသို့ အချိန်မီသွားရောက်ပြီး ဥရောပဘိန်းကုန်သည်များ သယ်ယူလာသည့်ဘိန်းများကို သိမ်းဆည်းမီးရှို့ဖျက်ဆီးသည်။ ထိုသို့ဘိန်းများမီးရှို့ဖျက်ဆီးခဲ့သော ဇွန်လ ၂၆ ရက်နေ့ကို နှောင်းလူတို့ အမြဲအောက်မေ့သတိရကြစေရန်ရည်ရွယ်၍ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ၁၉၈၇ ခုနှစ် ဇွန်လအတွင်း ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၂၆ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အဖြစ် အထူးတလည် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါသည်။
Subscribe to