Skip to main content

တိုင်းရင်းသားလက်နက်ကိုင်များနှင့် လျော့နည်းပျောက်ကွယ်သင့်ပြီဖြစ်သော ဘိန်းစိုက်ပျိုးမှု

နှစ်ပေါင်းများစွာတိုင်အောင် မြန်မာနိုင်ငံ၏ အဓိကမူးယစ်ဆေးဝါးပြဿနာမှာ ဘိန်းစိုက်ပျိုးမှု ဖြစ်ခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း တရားမဝင်ဘိန်းစိုက်ပျိုးရာဒေသများကို ၂၀၂၃ ခုနှစ် စစ်တမ်းများအရလေ့လာကြည့်လျှင် ရှမ်းပြည်နယ်သည် ဘိန်းစိုက်ပျိုးမှုအများဆုံးနေရာဖြစ်ပြီး တစ်နိုင်ငံလုံးဘိန်းစိုက်ပျိုးမှု၏ ၈၈ ရာခိုင်နှုန်း (ဟက်တာ ၄၁၃၀၀) ရှိပါသည်။ ကချင်ပြည်နယ်သည် ဒုတိယဘိန်းစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ဟက်တာ ၄၆၀၀ ရှိပါသည်။ ထို့ပြင် ချင်းပြည်နယ်တွင် ဟက်တာ ၇၀၀ နှင့် ကယားပြည်နယ်တွင် ဟက်တာ ၄၈၀ စိုက်ပျိုးပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ် ဘိန်းစိုက်ရာသီအတွင်း ဟက်တာ ၅၀ စိုက်ပျိုးခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင်ဟက်တာ ၂၅၀ အထိ စိုက်ပျိုးလာပါသည်။

နှလုံးသားထဲက မြကန်နှင့် ပုဂံလွမ်းချင်း

နှလုံးသားထဲက မြကန်ဟု ကျွန်တော်တင်စားခေါ်ဝေါ်လိုက်ရခြင်းမှာ ၁၉၇၅၊ ၁၉၇၆ ခုနှစ်အချိန်ကာလ၊ ပုဂံဆိုတာ မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်ရှိသည်ကိုပင် တိတိပပမသိသေးသော အထက်တန်း ကျောင်းသားဘဝကတည်းက “မြကန်”သည် ကျွန်တော့်ရင်ထဲသို့ တိုးဝှေ့နေရာယူထားပြီး ဖြစ်နေ၍ပါတည်း။ အမည်မသိရှေးစာဆိုရေးဖွဲ့ထားသော မြကန်ကဗျာလေးက တစ်ကြောင်းချင်းလည်း တစ်ကြောင်းချင်းမို့၊ တစ်ပုဒ်လုံးလည်း တစ်ပုဒ်လုံးမို့မေ့ထားဖို့ရာ၊ မေ့သွားဖို့ရာ မစွမ်းသာသောကြောင့် ယနေ့အသက် ၆၆ နှစ် အဖိုးအိုပေါက်စဘဝရောက်သည်ထိ နှလုံးသားမှာ စူးစူးနစ်နစ်ထိုးစိုက်နေရာယူထားခြင်းဖြစ်ပါလိမ့်မည်။ ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊ ဘုံဝတိံသာ၊ နန္ဒာပေလောဆိုသည့် အဖွဲ့အနွဲ့က အလင်္ကာမြောက်လွန်းလှသလို ကြားရခဲမြင်ရခဲပေလို့လားတော့မသိ၊ “တူစွဟုတ္တာ”ဆိုသည့် စကားလုံးလေးများ၏ အဖိအဖော့ကို ခံစားလာမိသည်မှာလည်း နှစ်ပေါင်း ၄၀ မကတော့ပြီ။ ဆိုရသော် ကျွန်တော့်နှလုံးသားထဲမှာ မြကန်၏ပုံရိပ်များက အမြဲတမ်းတည်ရှိလို့နေပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံဂီတနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်အားပေး

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ ဦးဆောင်ကျင်းပသည့် မြန်မာနိုင်ငံဂီတနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်အားပေး

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဘိုကလေး ဇွန် ၂၆ မိုးစက်(ဘိုကလေး)

ဟိုင်းကြီးကျွန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်

ဟိုင်းကြီးကျွန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက် ဟိုင်းကြီးကျွန်း ဇွန် ၂၇ လှိုင်မျိုးအောင်
Subscribe to