Skip to main content

ကျွဲနွားများ၏ အစာအိမ်ရှိအစာချေဖျက်သော အကျိုးပြုဗက်တီးရီးယားများအကြောင်း

ကျွဲနွားများသည် စိုက်ပျိုးရေးဘေးထွက် ပစ္စည်းများဖြစ်သည့် ကောက်ရိုး၊ အခြားသော ပဲမျိုးစုံတို့၏ ဘေးထွက်များနှင့် မြက်များကို စားသုံးပြီး လူတို့အတွက် တန်ဖိုးရှိသော အာဟာရများကို ထုတ်လုပ်ပေးနေသဖြင့် အစာချေဖျက်မှုတွင် မရှိမဖြစ်ပါဝင်သော အစာအိမ်ထဲရှိ အကျိုးပြုအဏုဇီဝပိုးများ၏ အခန်းကဏ္ဍကိုလည်း လက်လွတ်ထား၍ မရပေ။ ရှုပ်ထွေးဆဲဖြစ်သော စားမြုံ့ပြန် တိရစ္ဆာန်များ၏ အစာအိမ်ဇီဝဖြစ်စဉ်တွင် ဗက်တီးရီးယားများ၊ မက်သနိုဂျင်ဗက်တီးရီးယားများ၊ ပရိုတိုဇိုးဝါးများ၊ ဖန်ဂျီများ၊ ဗက်တီးရီးယားစားသော ဗိုင်းရပ်စ်များနှင့် ဗိုင်းရပ်စ်များ ပါဝင်ကြသည်။ အကျိုးပြုအဏုဇီဝပိုးများဖြစ်သည့် ဗက်တီးရီးယား (Rumen bacteria)၊ ဖန်ဂျီ (Rumen fungi)၊ ပရိုတိုဇိုးဝါး (Protozoa)နှင့် မက်သနိုဂျင်ဗက်တီးရီးယားများ (Methanogen) သည် အစာချေဖျက်မှုဖြစ်စဉ်ကို ဦးဆောင်နေကြသည်။

စစ်ဘောင်ချဲ့ပြီး နိုင်ငံရေးဘောင်ကျဉ်းအောင် လုပ်နေသူတွေကြောင့်

မြန်မာနိုင်ငံက EAO လက်နက်ကိုင်တွေ ဘာဖြစ်ချင်ကြသလဲ၊ ပြည်တွင်းက ပြည်ဖျက်အစွန်းရောက်တွေကော ဘာဖြစ်ချင်တာလဲ၊ ပြည်ပက နည်းမျိုးစုံနဲ့ ခြယ်လှယ်နေသူတွေကော မြန်မာနိုင်ငံကြီးကို ဘာဖြစ်စေချင်နေတာလဲ။

PDF ဂိမ်း‌ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါ‌စေနှင့် …

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

ရေကြီးနစ်မြုပ်မှု ကာကွယ်ဖို့ မြစ်ချောင်းများကို ထိန်းသိမ်းစို့

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဆိုးရွားသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ တစ်နှစ်ထက် တစ်နှစ်ပိုမိုဖြစ်ပေါ်ပြီး ကမ္ဘာပေါ်ရှိ နိုင်ငံအများ အပြားတွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ခံစားနေရပါသည်။ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်လည်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် အပူအအေးလွန်ကဲခြင်း၊ အချို့နေရာများတွင် မိုးခေါင်ရေရှားမှုများဖြစ်ပေါ်ခြင်း၊ မုန်တိုင်းများဖြစ်ပေါ်၍ အချိန်အခါမဟုတ် မိုးများသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်း၊ မြစ်ကမ်းပါးပြိုကျခြင်း၊ တောင်များပြိုကျခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို တစ်နှစ်ထက်တစ်နှစ် ပိုမိုတွေ့ကြုံခံစားလာနေရသည်ကို တွေ့ရှိရပါသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးတို့၏ စွမ်းဆောင်ရည်

မြန်မာမှုနယ်ပယ်တွင် “ပုခက်လွှဲသောလက်သည် ကမ္ဘာကိုအုပ်စိုးနိုင်၏”ဟူသောစကားတစ်ခွန်းကို လူတိုင်းကြားဖူးကြမည်ဖြစ်သည်။ မိခင်ဖြစ်လာမည့် အမျိုး သမီးတို့၏ ဗီဇစွမ်းအားကို ဖော်ကျူးထားခြင်းပင်ဖြစ်သည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၊ သိပ္ပံပညာရှင်ကြီးများ၊ ထင်ရှားသော သမ္မတကြီးများ၊ ဝန်ကြီးချုပ်များ၊ စစ်ဗိုလ်ချုပ်ကြီးများသည် သားကောင်းမိခင်များဖြစ်ကြသည့် အမျိုးသမီးများကသာ မွေးဖွားပြုစုခဲ့ကြပြီး ထိုဘဝမျိုးကို ပိုင်ဆိုင်ရယူခဲ့ကြသူများပင်ဖြစ်သည်။
Subscribe to