Skip to main content

သဘာဝဘေးအန္တရာယ် စုစည်းညီညွတ်မှုဖြင့်ကာကွယ်

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ သဘာဝဘေးအန္တရာယ်တွေကို နှစ်စဉ်ရင်ဆိုင်ခံစားနေကြရပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုတာ ဖယ်ရှားပစ်လို့မရ၊ ရပ်တန့်ထားလို့မရ၊ တားဆီးလို့လည်းမရပါ။ ရာသီဥတုဖောက်ပြန်မှုနဲ့ လူသားတွေရဲ့ ပယောဂအချို့ကြောင့် သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်တတ်ပါတယ်။ ဖြစ်ပေါ်လာပြီဆိုရင်လည်း အနည်းနဲ့အများ ဆုံးရှုံးနစ်နာမှုတွေ ခံစားကြရပါတယ်။

မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ပြင်းထန်၀မ်းပျက်၀မ်းလျှောရောဂါ သတိပြုကာကွယ်

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် အသက်အရွယ်မရွေးအန္တရာယ်ရှိနိုင်ပြီး ကလေးသူငယ်များအတွက် ဆိုးရွားစွာအသက်အန္တရာယ်ရှိနိုင်ကြောင်းနှင့် ၎င်းရောဂါသည် မြန်မာနိုင်ငံတွင် ဒုတိယအဖြစ်အများဆုံး ကလေးရောဂါတစ်ခုဖြစ်ကြောင်း World Health Organization Myanmar က ဇွန်လ ၁၇ ရက်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။ ထို့ပြင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် တစ်နှစ်အောက်ကလေးများကို သေဆုံးစေသည့် တတိယမြောက်ရောဂါဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကလေး ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှု ၁ ဒသမ ၇ ဘီလီယံနီးပါးရှိကြောင်း၊ ထိုရောဂါကြောင့် နှစ်စဉ်အသက်ငါးနှစ်အောက်ကလေး လေးသိန်းကျော်နှင့် အသက်ငါးနှစ်မှ ကိုးနှစ်အကြားကလေးငယ် ငါးသောင်းကျော်ကို သေဆုံးစေလျက်ရှိကြောင်း သိရသည်။

နားထောင်ခြင်းအနုပညာ

ဒီအင်္ဂလိပ်စာစုလေးဟာ စာရေးသူတို့ အရင်းနှီးဆုံးလုပ်ဖော်ကိုင်ဖက်တစ်စုအတွက် မရိုးနိုင်သော ပျက်လုံးတစ်ခုလို့ ဆိုရမှာပါ။ တချို့သော အစည်းအဝေးများမှာ နားထောင်ခြင်းအနုပညာကို ဘယ်လိုများစိမ့်ဝင်အောင် လုပ်ရပါ့မလဲလို့လည်း တစ်ခါတလေတွေးမိပါရဲ့။

ရွေးကောက်ပွဲမှတစ်ဆင့် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးမှုဆီသို့ . . .

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးငှာ နိုင်ငံကို ဒီမိုကရေစီစနစ်ဖြင့် သွားရမည်ဟုဆိုသည်။ ထို့ကြောင့် နိုင်ငံသားတိုင်းလျှောက်လှမ်းနိုင်မည့် ဒီမိုကရေစီလမ်းကြောင်းနှင့် ကျင့်သုံးနိုင်မည့် ဒီမိုကရေစီကျင့်စဉ်ကို ပုံဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။
Subscribe to