Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရင်ခွင် ခေတ္တခိုဝင်ရာတွင် …

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာအနီး မန္တလေးမြို့မှ ၂၄ မိုင် ၅ ဖာလုံခန့်အကွာတွင်တည်ရှိသည့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)သို့ အဆင့်မြင့် အရာထမ်းသင်တန်းတက်ရောက်ရန် ရောက်ရှိခဲ့သည်။ တာဝန်အရရောက်ရှိရပေမယ့် တက္ကသိုလ်ဝင်းအတွင်း ဝင်ရောက်မိလိုက်သည့်အချိန် တူညီဝတ်စုံများဖြင့် သက်ဆိုင်ရာသင်တန်းခန်းမများဆီ ညီညီညာညာ လျှောက်လှမ်း၍နေကြသည့် သင်တန်းသားများ၏ အားမာန်အပြည့် အသွင်အပြင်များကို မြင်လိုက်ရသည့်ခဏ စိတ်ဓာတ်တက်ကြွမှုများကို ခံစားလိုက်ရသည်။ အမှတ်မထင် “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်ကို ဖတ်လိုက်မိသည့်အချိန်တွင်မူ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)သို့ ရောက်ရှိနေ ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံသယ်ပိုးထမ်းဆောင်နိုင်ရေး ရောက်ရှိနေရခြင်းဟု ယုံကြည်လိုက်မိသည့်အခါ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်ရင်ခွင် ခိုဝင်ခွင့်ရသည်ကိုပင် ဂုဏ်ယူလိုက်မိသည်။

ကလေးလုပ်သားပပျောက်ဖို့ လူတိုင်း ကူညီပါဝင်စို့

မြန်မာနိုင်ငံတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရ အသက်(၁၈)နှစ်မပြည့်သေးသောသူများကို ကလေးသူငယ်ဟု ခေါ်ဆိုသည်။ ကျန်းမာရေးရှုထောင့်အရ ကလေးတစ်ယောက်အတွက် အသက်သုံးနှစ်မှ ရှစ်နှစ်အရွယ်ကလေးဘဝသည် အလွန်အရေးကြီးသည်။ ထိုအရွယ်များသည် ကလေးများ၏ အနာဂတ်ကျန်းမာရေးကြီးထွားခြင်းနှင့် ဖွံ့ဖြိုးခြင်းတို့၏ အခြေခံများဖြစ်သည်။ ကလေး ပြုစုစောင့်ရှောက်သူများ၏ ဂရုစိုက်မှု၊ ချစ်ခင်ကြင်နာမှု၊ အားပေးခံရမှုနှင့် နိုးကြားအောင် ပြုလုပ်ပေးမှုတို့နှင့်အတူ အာဟာရဓာတ်များ ပြည့်ဝစွာစားသောက်ရခြင်း၊ ကောင်းမွန်သောကျန်းမာရေးစောင့်ရှောက်မှုများရရှိခဲ့ပါက ကလေးသူငယ်များသည် လျင်မြန်စွာဖွံ့ဖြိုးပြီး ပို၍မြန်ဆန်စွာ သင်ယူနိုင်သည်။ ကလေးဘဝအရွယ်တွင် ဂရုစိုက်မှုနှင့် ကြင်နာမှုများရရှိခြင်းသည် ကလေးကိုရှင်သန်ကြီး ထွားစေသည်။ ထို့ပြင် ကလေးကို ပွေ့ချီထွေးပိုက်ခြင်း၊ စကားပြောခြင်း၊ ချော့မြှူခြင်းတို့သည် ကလေးကို ကြီးထွားမှုဖြစ်စေပြီး စိတ်ခံစားမှုကို ဖွံ့ဖြိုးတိုးတက်စေသည်။ လသားအရွယ်များအတွက် မိခင်နို့ကိုဆာတိုင်းတိုက်ကျွေးပေးခြင်းသည် ကလေးအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုရရှိစေသည်။

မိုးနဲမြို့နယ် ရေပေးဝေရေး ဥယျာဉ်ကန် သဘာဝရေထွက် သန့်ရှင်းသာယာရေးဆောင်ရွက်

မိုးနဲမြို့နယ် ရေပေးဝေရေး ဥယျာဉ်ကန် သဘာဝရေထွက် သန့်ရှင်းသာယာရေးဆောင်ရွက် မိုးနဲ ဇူလိုင် ၂၉ မြို့နယ်(ပြန်/ဆက်)

ရလဒ်အခြေပြု ဆေးပညာသင်ကြားရေးမှသည် အရည်အသွေးပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များဆီသို့

ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals-SDG 2030) တွင် ပါရှိသော ကျန်းမာရေး ကဏ္ဍနှင့်သက်ဆိုင်သည့် ပန်းတိုင်အမှတ်စဉ်-၃ ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့်ဘဝ ရရှိစေရေးဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘက်စုံလွှမ်းခြုံသော လူတိုင်းလက်လှမ်းမီကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage) ကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။

ထိုင်းနိုင်ငံ၏ သမဝါယမစနစ်ကို လေ့လာခြင်း

ထိုင်းနိုင်ငံတွင် သမဝါယမစနစ်ကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်၊ ၁၉၁၅ ခုနှစ်ဝန်းကျင်ကတည်းက စတင်ခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် ပထမဆုံးသော သမဝါယမ အသင်း Wat Chan Cooperative Unlimited Liability ကို Phitsanulok ၌ အစိုးရက ဖွဲ့စည်းတည်ထောင်ခဲ့သည်။ အကြွေးမဆပ်နိုင်သည့် တောင်သူများအား အကူအညီပေးနိုင်ရန် ကျေးရွာချေးငွေသမဝါယမအသင်းငယ်လေးတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် လုပ်ကွက်ငယ်တောင်သူများ၏ စီးပွားရေးဖူလုံမှုမှတစ်ဆင့် ကုန်သွယ်နိုင်မှုအဆင့်အထိ စီးပွားရေးလုပ်ငန်းများ တိုးတက်လာအောင် ရည်ရွယ်ခဲ့ပြီးသမဝါယမစနစ်တွင် စိုက်ပျိုးရေး၊ ချေးငွေနှင့် ဝန်ဆောင်မှုကဏ္ဍများပါ ပါဝင်လာခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

အဂတိပယ်ခွာ ပြည်သာယာ

အဂတိလိုက်စားမှုသည် အများပြည်သူလူထုတစ်ရပ်လုံးအတွက် နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍအသီးသီးတို့ကို တည်ဆောက်ပဲ့ပြင်ကြရာ၌ လေးနက်တည်ကြည်စွာ မပြုလုပ်ပါက အတိဒုက္ခဖြစ်စေသည့် ဘေးအန္တရာယ်ကြီးတစ်ရပ်ဖြင့် ရင်ဆိုင်ရဖွယ်ဖြစ်ကြောင်း ပြောဆိုဆွေးနွေးရေးသားဖွင့်ဆိုနေကြသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။ အဂတိလိုက်စားခြင်းသည် အဂတိလိုက်စားခဲ့သည့် ပုဂ္ဂိုလ်သာမက ယင်း၏အဖွဲ့အစည်းများကိုယ်တိုင်ပင်လျှင် ဘေးအန္တရာယ်အဘယ်မျှကြီးမားနေကြောင်း တွေ့ကြုံကြရမည်ဖြစ်ပါသည်။

ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးTalk Show ဆွေးနွေးပွဲ ကျင်းပ

ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးTalk Show ဆွေးနွေးပွဲ ကျင်းပ ရန်ကုန် ဇူလိုင် ၂၈ ဇွဲထက်ကို(ပြန်/ဆက်)

မိုင်းပန်မြို့နယ်၌ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းအသိပညာပေး (Talk Show) ကျင်းပ

မိုင်းပန်မြို့နယ်၌ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်းအသိပညာပေး (Talk Show) ကျင်းပ မိုင်းပန် ဇူလိုင်၂၈ မြို့နယ်(ပြန်/ဆက်)

မိုင်းယောင်းမြို့နယ် ဝမ်တုံ့ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်းမြို့နယ် ဝမ်တုံ့ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် မိုင်းယောင်း ဇူလိုင် ၂၈ ဝေဝေခိုင်(ပြန်/ဆက်)

မြိုင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ အသိပညာပေး talk show ပြုလုပ်

မြိုင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ အသိပညာပေး talk show ပြုလုပ် မြိုင် ဇူလိုင် ၂၈ မြို့နယ်(ပြန်/ဆက်)
Subscribe to