Skip to main content

အမိမြေသာယာဖို့... ငါတို့မြေကို ငါတို့ကာကွယ်စို့ …

မှန်တယ် ။ ဒီစကားက ရင်ကိုထိတယ်၊ အားရတယ်။ လောက်တွေရဲ့ ဆိုက်ဝါးအောက်မှာခံနေရတဲ့ ကျွန်တော်တို့တွေ ခံခဲ့ရတာများလှပြီ။ တစ်နိုင်ငံလုံး စစ်မျက်နှာပေါင်းစုံဖွင့်နေရတဲ့ အမိတပ်မတော်ကြီး အမှန်ပြောရရင် အားမလိုအားမရဖြစ်နေမိတာ။ ရန်သူကို ရန်သူလိုကျင့်ဖို့၊ ရန်ငါပြတ်ဖို့ ယခုမှ ကြားချင်တဲ့စကားကြားခဲ့ရပြီ။ ဘယ်တုန်းကနဲ့မှ မတူတဲ့ခေတ်ကြီး၊ တိုင်းပြည်နဲ့ပြည်သူ့ဘဝကို ဖျက်ဆီးနေကြတာရစရာမရှိ။ အမှန်ပင် စက်ဆုပ်ရွံရှာဖို့ကောင်းလှတယ်။ ရုရှား-ယူကရိန်း၊ အစ္စရေး-ဂါဇာစစ်ကလွဲလို့ ကမ္ဘာမှာမရှိဖူး၊ မကြားဖူးသေးတဲ့ အမြဲတမ်းအချိန်ပြည့်စစ်တိုက်နေရတဲ့ တပ်မတော်ကြီး ရှိနေပေလို့သာ..။

ကောင်းကျိုးအဖြာဖြာ ချည်မျှင်ရှည်ဝါ

လူဟူ၍ဖြစ်လာသည်နှင့် မလွဲမသွေ ရင်ဆိုင်ရမည့်အရာ ၃ မျိုးရှိနေသည်ကို ကျွန်ုပ်တို့အားလုံးသိရှိပြီးဖြစ်၏။ စားရေး၊ ဝတ်ရေး၊ နေရေးဟူသော ပြဿနာကြီးသုံးရပ်သည် လူသားတို့နှင့် နိစ္စဓူဝကြုံတွေ့နေရသည့် အရာများပင်ဖြစ်သည်။ စားသောက်ရေးနှင့်ပတ်သက်၍ “စားစရာမရှိ လျော်စရာရှိ”၊ နေထိုင် ရေးအခက်အခဲနှင့်ပတ်သက်၍ “သေရေးထက် နေရေးခက်” ဟူသည့် စကားတို့သည် အမှန်တကယ်ချို့တဲ့သူများအတွက် ခက်ခဲသော ပြဿနာပင်ဖြစ်သည်။ အဝတ်အထည် ဝတ်ဆင်ရေးနှင့် ပတ်သက်၍လည်း “တောင်းမှာအကွပ် လူမှာအဝတ်” စသည့် စကားများက မှတ်သားထိုက်ဖွယ် ကောင်းလှသည်။ စားဝတ်နေရေး ပြဿနာသုံးရပ်သည် လူတစ်ဦး၊ မိသားစုတစ်စု၊ နိုင်ငံတစ်နိုင်ငံတည်းသာ ကြုံတွေ့နေရသည့် ပြဿနာများမဟုတ်ပေ။ အချို့သောနိုင်ငံများနေရေးအတွက် ခက်ခဲနေကြသည်။ စားရေးအတွက်ခက်ခဲနေကြသည်။ ဝတ်ရေးအတွက်လည်း ချို့တဲ့နေကြသည်ကို တွေ့ရှိရသည်။ မိမိတို့နိုင်ငံသည် အလေ့ကျပေါက်ရောက်သော သီးပင်စားပင်များမှအစ စနစ်တကျစိုက်ပျိုးလျှင် ပို၍အောင်မြင်ဖြစ်ထွန်းသော သီးနှံပင်များစွာ ပေါက်ရောက်သဖြင့် အခြားသော နိုင်ငံများထက်များစွာ ကံကောင်းသည်ဟု ဆိုရပေမည်။

တောင်သူများ သိသင့်သော တိုးတက်စိတ်နှင့် ကန့်သတ်စိတ်

“တိုးတက်လိုစိတ်ရှိတဲ့တောင်သူ” ဆိုသည့် စကားလုံးကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ၂၀၀၈-၂၀၁၁ ခုနှစ်အတွင်းက ပူးပေါင်းဆောင်ရွက်သည့် စိုက်ပျိုးပညာပေးရေးဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ စတင်သိခဲ့ရသည်။ ထိုအချိန်က တိုးတက်လိုစိတ်ရှိပြီး တီထွင်ကြံဆတတ်သော တောင်သူနှင့်သမားရိုးကျလမ်းဟောင်းအတိုင်း စိုက်ပျိုးထုတ်လုပ်သော တောင်သူတို့ကို ကွဲကွဲပြားပြားမသိခဲ့ပေ။ တောင်သူများနှင့် ထိတွေ့ဆက်ဆံမှု များပြားလာသောအခါမှ တိုးတက်လိုစိတ်ရှိသော တောင်သူတို့သည် တိုးတက်ကြ၍ တိုးတက်လိုစိတ်မရှိသော တောင်သူတို့သည် မတိုးတက်ကြောင်းကို သိခဲ့ရသည်။ ဤသဘောတရားကို ကာရိုလ်စုစန်ဒီဝစ်ခ် (Carol Susan Dweck)၏ စိတ်ဓာတ်(Mindset)၊ အောင်မြင်မှုစိတ်ပညာသစ် (The New Psychology of Success) စာအုပ်တွင် တိုးတက်စိတ် (Growth Mindset) နှင့် ကန့်သတ်စိတ်(Fixed Mindset) ဟူ၍ လေ့လာတွေ့ရှိရသည်။
Subscribe to