Skip to main content

ကျောက်ဆည်မြို့တွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မာရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည်မြို့တွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မာရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ ကျောက်ဆည် ဩဂုတ် ၂၆ အောင်ပိုင်ပိုင်ကျော်

မိုင်းယောင်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

မိုင်းယောင်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက် မိုင်းယောင်း ဩဂုတ် ၂၆ မြို့နယ်(ပြန်/ဆက်)

ကိုယ့်မြို့ကိုယ့်ရွာတည်ငြိမ်အေးချမ်းဖို့ရာ ကိုယ့်ဝန်တာ

၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလတွင် EAO အဖွဲ့အချို့သည် အခွင့်ကောင်းအဖြစ် ယူဆ၍ တစ်ချိန်တစ်ခါက လက်ကိုင်ထားခဲ့သည့် တစ်တောတစ်ကြက်ဖ စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်း ဖော်ဆောင်လာခဲ့ကြသည်။

အများနှင့်ဆိုင်သော သယ်ယူပို့ဆောင်ရေး ….

စာရေးသူနေထိုင်ရာမြို့တွင် ယခုရက်ပိုင်း အများပြည်သူစီးနင်းသော မြို့ပတ်လိုင်းကားများ လူပြည့်သည်။ လူပြည့်သည်ဆိုရာ၌ ကျောင်းသွားကျောင်းပြန်၊ အလုပ်သွားအလုပ်ပြန်၊ ဈေးသွား ဈေးပြန်နံနက်၊ ညနေတို့သာမက လူသွားလူလာကျဲပါးသည့် နေ့လယ်ပိုင်းတွင်ပါ လူပြည့်ခြင်းဖြစ်သည်။

ကျောက်ဆည်မြို့တွင် ဓာတုပိုးသတ်ဆေးအန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ကျောက်ဆည်မြို့တွင် ဓာတုပိုးသတ်ဆေးအန္တရာယ်အကြောင်း အသိပညာပေး ဆွေးနွေးပွဲကျင်းပ ကျောက်ဆည် ဩဂုတ် ၂၆ အောင်ပိုင်ပိုင်ကျော်

မူမှန်သောအတွေး မူမှန်သောအကျင့်

(ဂ) Availability (ဒါမျိုးကြီးတွေပဲရရှိနေမှု)။ မီဒီယာမှာ ဒါကိုပဲထပ်တလဲလဲ တွေ့နေရတော့ ဟုတ်မှာပဲလို့ အမှန်ထင်သွားတတ်တာမျိုး ဥပမာအားဖြင့် ငါးမန်းကိုက်ခံရတဲ့ နောက်ဆုံးသတင်း အသစ်တစ်ခုကို ကြားသိလိုက်ရတာနဲ့ပဲ ပင်လယ်ထဲရေကူးတဲ့အခါမျိုးမှာ စိတ်မလုံမခြုံ ဖြစ်လာတတ်တာမျိုး၊ ရောဂါအသစ်အဆန်းတစ်ခုဖြစ်နေတဲ့ သတင်းကြားသိခဲ့ရင် ကိုယ့်မှာများ အဲဒီလိုရောဂါဆန်းရှိနေသယောင် ထင်မြင်မိတာမျိုးစတာတွေပဲ ဖြစ်ပါတယ်။ ဒီအစွဲကို ရှောင်ရှားနိုင်ဖို့အတွက် ဖြစ်စဉ်ဖြစ်ရပ်တိုင်းမှာ ဖြစ်နိုင်ခြေနှုန်းထားရှိတာကို သတိပြုဖို့လိုအပ်သလိုပဲ သီးခြားဆုံးဖြတ်ချက်တစ်ခုချနိုင်ဖို့ဆိုရင် ကိုယ့်ဆီမှာကောင်းမွန်တဲ့ အကြောင်းပြချက်တွေလည်း ရှိထားရပါမယ်။

တစ်ကျော့ပြန်မျောက်ကျောက်ရောဂါ သတိပြုပါ

အာဖရိကတွင်ဖြစ်ပွားနေသော ကူးစက်မြန်မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ မျောက်ကျောက် ရောဂါမျိုးကွဲသစ် ကူးစက်ပျံ့နှံ့နေသဖြင့် ယင်းသို့ အသိပေးထုတ်ပြန် ရခြင်းဖြစ်သည်ဟု တာဝန်ရှိသူများကပြောသည်။ ရောဂါဖြစ်ပွားမှု သိသိသာသာတိုးလာပြီး ကွန်ဂိုနိုင်ငံတွင် ယခုနှစ်စကတည်းက မျောက်ကျောက်ရောဂါ ကူးစက်ခံရသူပေါင်း ၁၅၆ဝဝ ကျော်နှင့် သေဆုံးသူ ၅၃၇ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါရောဂါသည် ရောဂါကူးစက်ခံထားရသည့်တိရစ္ဆာန်ကို ကိုင်တွယ်ထိတွေ့ခြင်းမှ လူသို့ကူးစက်စေသည့်ရောဂါဖြစ်သည်။ ရောဂါဖြစ်ပွားနေသူ၏ ခန္ဓာကိုယ်မှထွက်ရှိသော အရည်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများနှင့် ညစ်ညမ်းနေသော အိပ်ရာပေါ်ရှိပစ္စည်းများနှင့်ထိတွေ့ခြင်းဖြင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ ကွန်ဂိုအပြင် ဘူရွန်ဒီ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ ရဝမ်ဒါအပါအဝင် အခြားအာဖရိကနိုင်ငံများသို့လည်း ပျံ့နှံ့လျက်ရှိပြီး ထိန်းချုပ်နိုင်ရန် ပြင်းပြင်းထန်ထန် လုပ်ဆောင်ရမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

မူမှန်သောအတွေး မူမှန်သောအကျင့်

လူတိုင်းအတွက် မိမိကိုယ်ကို နားလည်တတ်ဖို့ဆိုတာက အလွန်အရေးကြီးသလို ဒါဟာ ကိုယ့်ဘဝကို ပိုမိုပြည့်စုံအောင်ပြုလုပ်ပေးနိုင်တဲ့ အရည်အချင်းတစ်ခုလည်း ဖြစ်ပါတယ်။ အလုပ်အကိုင်၊ ပတ်ဝန်းကျင်နဲ့ လူမှုဆက်ဆံရေးတွေမှာ အောင်မြင်မှုရရှိဖို့အတွက် ကိုယ့်စွမ်းရည်နဲ့ စိတ်ခံစားချက်တွေကို သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။ လူတွေက မိမိကိုယ်ကို နက်နက်ရှိုင်းရှိုင်းနားလည်တယ်လို့ ယုံကြည်ထားကြပေမယ့် အဲဒါဟာ တကယ်ရောမှန်ကန်ပါရဲ့လား။ ဒါကြောင့် မိမိကိုယ်ကို နားလည်တတ်ခြင်းဟာ ကိုယ်တိုင်တိုးတက်မှုနဲ့ အဖွဲ့အစည်းတစ်ရပ်ရဲ့ အနာဂတ်အောင်မြင်မှုအတွက် အရေးကြီးကြောင်း ဆွေးနွေးမျှဝေလိုပါတယ်။
Subscribe to