Skip to main content

ရှေ့သို့လှမ်းချီ အေဂျီအမ်ဆီသို့ . . . . .

​​​​​​​မိမိတို့နိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကာ မြန်မာမင်းများတည်ဆောက် အစပြုခဲ့သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ ၁၀၀ ကျော် အေးအတူ၊ ပူအမျှချစ်ကြည်ရင်းနှီးစွာ ရှေးပဝေသဏီကတည်းက အတူတကွ နေထိုင်ခဲ့ကြသော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်စွာဖြင့် ကူးလူးဆက်ဆံခြင်း၊ ချစ်ကြည်ရင်းနှီးမှုနှင့် လူမျိုးစွဲ၊ ဝါဒစွဲ၊ ဒေသစွဲမထားရှိဘဲ ငြိမ်းချမ်းစွာ အတူတကွနေထိုင်ခြင်းစသော ချစ်စရာကောင်းသည့် အမူအကျင့်များဖြင့် ပေါင်းစည်းကာ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ ဥမကွဲသိုက်မပျက် စုပေါင်းညီညာ တင့်တယ်စွာနေထိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။

လေးမျက်နှာ၊ သီတာကုန်းပြင်နှင့် မဒေါ့ပင်

ပန်းတောကြီးမှ ပုသိမ်သို့အသွားခရီးလမ်းတွင် မဖြစ်မနေဝင်ရမည့် ကျေးရွာတစ်ရွာ ရှိနေပါသည်။ ရေကြည်မြို့နယ်ထဲက ပန်းပုကွင်းကျေးရွာဖြစ်၏။ ဆရာတော် ဦးဝိလာသ၊ ဦးဇနိန္ဒနှင့် ရွာသူရွာသားများက ရွာအနီးက သီတာချောင်းကူးတံတား တည်ဆောက်ပေးပါရန် ၂၀၂၃ ခုနှစ်ကတည်းက မေတ္တာရပ်ခံထား တာရှိနေသည်။ ချောင်းအနောက်ဘက်ရှိ ကျေးရွာအုပ်စု လေးခုအတွင်း၌လည်း ကျေးရွာပေါင်း ၇၀ ကျော်ရှိနေကြောင်း သိရှိရသည်။ ထိုရွာများထဲတွင် ဆင်ဖိုးထွန်း၏ဇာတိ ဖက်စလက်ရွာလည်း ပါဝင်နေပါသည်။ သည်နေရာ၌ တံတားတစ်စင်း ပေါ်ပေါက်လာရန် သူတို့မျှော်လင့်ထားသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဟု ဆိုကြ၏။ အကယ်၍သာ တံတားတစ်စင်း ပေါ်ပေါက်လာပါက သူတို့အတွက် အိပ်မက်တံတား ဖြစ်နေပေလိမ့်မည်။ မြေနေရာရွေးချယ်ခြင်း၊ ကွင်းဆင်းတိုင်းတာခြင်းများ လုပ်ကတည်းက ဒေသတစ်ခုလုံး ဝမ်းသာပျော်ရွှင်နေ ကြသည်ဟု ဆရာတော်က အမိန့်ရှိလာသည်။ ကျွန်တော်တို့ သွားရောက်ကြည့်ရှုသည့်နေ့ကလည်း ချောင်းအနောက်ဘက်ကမ်းမှာ ရွာသူရွာသားများကို လှမ်းမြင်နေရသည်။ ဖက်စလက်ရွာသားများလည်း ပါဝင်နေကြပေမပေါ့။ သမ/ကျေးလက်ပြည်သူ့ အတွက်မို့ ဆေးစက်ကျရာတိုင်းမှာ အရုပ်ထင်စေဖို့ အလိုလိုတာဝန် ရှိနေချေပြီတမုံ့။

ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေး

နှစ်စဉ် စက်တင်ဘာလ ၂၇ ရက်နေ့သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) ဖြစ်သည်။ ထိုနေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားများကို ပြုလုပ်ကျင်းပကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရာဂီမုန်တိုင်း တိုက်ခတ်ခဲ့သည့် တပ်ကုန်းမြို့ရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရာဂီမုန်တိုင်း တိုက်ခတ်ခဲ့သည့် တပ်ကုန်းမြို့ရှိ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်

အောင်မြေသာစံမြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ

အောင်မြေသာစံမြို့နယ် အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း အခမ်းအနားကျင်းပ အောင်မြေသာစံ စက်တင်ဘာ ၂၀ မြင့်မော်ထွန်း
Subscribe to