လူသားအရင်းအမြစ်ကို အခြေခံသည့် စီးပွားရေးစနစ်ဆီသို့ . . .
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်မှာ လူသားတစ်ဦးချင်းစီ၏ အသက်သွေးကြောဖြစ်သည့် ပညာရေးပင်ဖြစ်ပေရာ နိုင်ငံ၏ပညာရေးစနစ်ကို ဦးစားပေးကဏ္ဍအဖြစ် အလေးပေးလုပ်ဆောင်လာနေကြသည်။ “ပညာသမာ အာဗာနတ္ထိ - ပညာနှင့်တူသော အလင်းရောင်သည်မရှိ” ဟု ဆိုထားပေရာ စာပေသည်လူသားတိုင်း၏ မီးရှူးတန်ဆောင်အလင်းရောင်ပင် ဖြစ်ပေသည်။
