Skip to main content

ရေထွက်ကျောက်ခေါင်း(လင်းဝေး) ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ သတ်မှတ်ခြင်း

​​​​​​​ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင် ပြဋ္ဌာန်းသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၄၇၅ ဧကရှိသောနယ်မြေကို “ရေထွက်ကျောက်ခေါင်း (လင်းဝေး)ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ” အဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၉၃/၂၀၂၄) အရ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၈)ရက် (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

ဆလုံတိုင်းရင်းသားလူမှုဘဝ

ဆလုံတိုင်းရင်းသားတို့၏ လူမှုဘဝသည် ပင်လယ်ပြင်ကိုအခြေခံလျက်ရှိသည်။ ရှေးယခင်ကာလများတွင် ဆလုံတိုင်းရင်းသားတို့သည် ပင်လယ်ပြင်ကိုအခြေပြု၍ သွားလာနေထိုင်ကြသူများဖြစ်သည်။ ယခုနောက်ပိုင်းတွင် ကျွန်းများနှင့်ပင်လယ်ကမ်းစပ်တို့တွင် တဲအိမ်များ၊ သွပ်မိုးပျဉ်ကာ အိမ်များအထိ ဆောက်လုပ်နေထိုင်လာကြသည်။

ရိုးရာပေါင်းစု ပြည်ထောင်စု၏ ဂီတ

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးခဲ့ပေပြီ။ ယခု ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ပြိုင်ပွဲဝင် တိုင်းရင်းသားညီအစ်ကိုမောင်နှမ စုစုပေါင်း ၂၅၄၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဘာသာရပ် အသီးသီးတွင် အကဲဖြတ်အမှတ်ပေးပညာရှင်များအဖြစ် သက်ဆိုင်ရာ အနုပညာအမျိုးအစားအလိုက် ဝါရင့်သမ္ဘာရင့် အနုပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာရှင်ကြီးများ စုစုပေါင်း ၁၇၉ ဦးက အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို မျှော်လင့်ရင်ခုန်စွာ စောင့်ဆိုင်းရင်းနွေးထွေးလှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါ၏

ဂျာစီအနီရောင်၊ ဘောင်းဘီအဖြူ၊ ခြေအိတ်အနီရောင်ဆင်မြန်းထားသည့်အသင်းနှင့် ဂျာစီအဝါ၊ ဘောင်းဘီအဝါ၊ ခြေအိတ်အဖြူရောင် ဆင်မြန်းထားသည့် အသင်းနှစ်သင်း၏ ဘောလုံးပြိုင်ပွဲကား အကြိတ်အနယ်ရှိလှပေသည်။ မဟာပြိုင်ဘက်အသင်းနှစ်သင်း ဆုံတွေ့သည့် ဗိုလ်လုပွဲစဉ်ဖြစ်၍ ပရိသတ်များက အောင်ဆန်းကွင်း လေးဖက်လေးတန်ပြည့် လာရောက်အားပေးခဲ့ကြသည်။

တောင်သူ့ရွှေခေတ်ရောက်စေဖို့ ရေတင်လုပ်ငန်းများဖြင့် ကူညီစို့

မြစ်ဧရာသည် တိုင်းဒေသကြီး၏ အလယ်ဗဟိုမှ ရစ်ခွေစီးဆင်းကာ ဒေသပြည်သူများကို အကျိုးပြုလျက်ရှိသည်။ အပူပိုင်းဒေသ မကွေးတိုင်းဒေသကြီးအတွက် ဧရာဝတီမြစ်ကြီးသည် တန်ဖိုးဖြတ်၍မရသည့် သဘာဝတရား၏ လက်ဆောင်တစ်ခုဖြစ်သည်။ ဧရာဝတီကိုမှီတည်၍ ကမ်းတစ်ဖက်စီတွင် မကွေးတိုင်းဒေသကြီးအတွင်းမှ မြို့များစွာ၊ ကျေးရွာများစွာ တည်ရှိနေသည်။

ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးကွင်းဆက်သဘောတရား၏ အကျိုးရလဒ်နှင့် ယနေ့တရုတ်ပြည်သစ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာ အောက်တိုဘာလ ၁ ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ (၇၅) နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ပြောင်းလဲမှုပြယုဂ်တွေကို ဓာတ်ပုံ ၁၈ ပုံတွဲလျက် နှိုင်းယှဉ်ဖော်ပြထားပါတယ်။
Subscribe to