Skip to main content

မိုင်းယောင်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မိုင်းယောင်းမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ မိုင်းယောင်း ဇန်န၀ါရီ ၁ ဝေဝေခိုင်(ပြန်/ဆက်)

လွတ်လပ်ရေးရပြီး ၇၇ နှစ် ခရီး ….

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သည့်နိုင်ငံဖြစ်လာသည်။ ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၄၈ ခုနှစ်မှစ၍ ယနေ့တိုင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် မြန်မာတို့ကိုယ်တိုင်စီမံခန့်ခွဲနိုင်ပြီ၊ ကိုယ်စီကိုယ်ငဖွံ့ဖြိုးတိုးတက်ရေးအဖုံဖုံကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။ လွတ်လပ်ရေးပြန်လည်ရရှိအောင်၊ ခွန်နှင့်အားနှင့် ကြိုးပမ်းဆောင်ကြဉ်းပေးခဲ့သော အဘိုးအဘွားများ၊ အသက်သွေးချွေးပေးခဲ့ကြသူများကို အောက်မေ့ကြ၊ ကျေးဇူးတရားကို သိကြ။ သူတို့က သာယာဝပြောမှုကိုရှေ့တန်းမတင်၊ အနစ်နာခံ၊ အားထုတ်ခဲ့သူများဖြစ်သည်။ သူတို့ ထားခဲ့သည့် အမွေအနှစ်အသီးအပွင့်ဖြစ်သော လွတ်လပ်ရေးကို ကျွန်တော်တို့ခံစားရတာ ၇၇ နှစ် မြောက် လွတ်လပ်ရေးနေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။

တို့ပြည် တို့မြေ အဓွန့်ရှည် ဖွံ့ဖြိုးတိုးတက်စေ

ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံအတွင်း လွတ်လပ်ရေးကျောက်တိုင်ကြီးကို ခိုင်ခိုင်မတ်မတ် စိုက်ထူထားရှိခဲ့သည်မှာ နှစ်ပေါင်း ၇၇ နှစ်တာ ကြာညောင်းခဲ့ပြီဖြစ်သည်။ အဆင့်နှစ်ဆင့်ဖြင့် ပြေပြစ်စွာမြင့်တက်သွားသော စက်ဝိုင်းပုံရင်ပြင်ငယ်၏ အလယ်ဗဟိုရှိ လွတ်လပ်ရေးကျောက်တိုင် ကြီး၏အောက်ခြေတွင် လွတ်လပ်ရေးကြေညာစာတမ်းကို ကျောက်ထက်အက္ခရာ ကမ္ပည်းတင်ထားသည်ကို တွေ့ရှိနိုင်ပြီး မော့ကြည့်လိုက်မည်ဆိုပါက ကောင်းကင်ပြာပြာကြီးသို့ ထိုးထွက်နေသည့် အဖြူရောင်ကျောက်တိုင်ကြီးကို ခံ့ညားစွာတွေ့မြင်ကြရမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

အကောင်းဆုံးနှစ်သစ်ကို ဖြတ်သန်းဖို့ သန္နိဋ္ဌာန်တွေ ချကြစို့

နှစ်တစ်နှစ်ကုန်ဆုံးသွားခဲ့ပြန်ပါပြီ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပါပြီ။ ပုထုဇဉ်လူသားပီပီ နှစ်ဟောင်းမှာ တွေ့ကြုံခဲ့ရတဲ့ လောကဓံတရားတွေကို ခံစားခဲ့ကြပြီးပြီမို့ အတိတ်ကိုအရိပ်မှာထားခဲ့ရင်း ဒီလောကဓံတွေကို နည်းနမူနာယူ၍ အမြတ်ထုတ်ကာ မကြာခင်ရောက်ရှိလာတော့မယ့် နှစ်သစ်မှာအကောင်းဆုံး ဖြတ်သန်းကြပါစို့လားရှင်။

ဓမ္မအမှန်ဖြင့် အကြောင်းကောင်းခြင်းမှသည် အကျိုးကောင်းရာဆီ

နှစ်ဟောင်းတစ်ခုကုန် နှစ်သစ်တစ်ခုရောက် ငါတို့ဘာတွေလုပ်လို့ ဘာတွေပြီးခဲ့ကြပြီလဲ၊ ဘာတွေမှန်လို့ ဘာတွေလွဲခဲ့ကြပါသလဲ၊ သေချာတာတော့ ဒီနှစ်ကအကြောင်းတွေက နောက်နှစ်အတွက်တော့ အကျိုးတရားတွေဖြစ်မယ်သာ။ ဗုဒ္ဓတရားတော်အရတော့ ပရမတ်လယ်ဗယ်အထိ ဆင်ခြင်နှလုံးသွင်းရပါတယ်။ စက္ကန့်တိုင်း၊ မိနစ်တိုင်းမှာ ရုပ်တရား၊ နာမ်တရားတွေက တစ်ခုဖြစ်ပြီးတစ်ခုချုပ်၊ ဖြစ်ရာအကြောင်းနဲ့ ချုပ်ရာအကြောင်း၊ အတိတ်ကာလတစ်ခုမှာ အတိတ် ဆိုတာ ပြီးခဲ့တဲ့ စက္ကန့်၊ မိနစ်၊ နာရီ ၊ နေ့ရက်၊ လတွေ၊ နှစ်တွေကနေ၊ ပြီးခဲ့တဲ့ဘဝကနေ ယူဆောင်လာခဲ့တာတွေ၊ အတိတ်ကအကြောင်းတရားတွေက ယခုပစ္စုပ္ပန်မှာ အကျိုးတရားတွေဖြစ်နေသလို ယခုပစ္စုပ္ပန်အကြောင်းတရားတွေကလည်း အနာဂတ်အကျိုးတရားတွေ ဖြစ်မှာမလွဲပါ။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့မှသည် ရှေ့သို့ချီမည် ပန်းတိုင်ဆီ …

မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “လွတ်လပ်ရေးရတယ်ဆိုတဲ့ကိစ္စဟာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ လွတ်လပ်ရေးရရုံနဲ့ ကျုပ်တို့ပြဿနာတွေဖြေရှင်းသွားကြမှာမဟုတ်ဘူး။ အဲဒီအခါကျမှ တကယ့်ပြဿနာတွေ ပေါ်လာလိမ့်မယ်။ လွတ်လပ်ရေးဟာ လမ်းဆုံးမဟုတ်ဘဲ လူတွေရဲ့ကောင်းစားရေးကိုရောက်စေမယ့် လမ်းကြောင်းသာဖြစ်တယ်” ဟု မိန့်ကြားခဲ့ဖူးပါသည်။

သက်တမ်းရင့်လွတ်လပ်ရေးနှင့် ပြည်သူများ၏ ဆန္ဒမီးရှူးတိုင်

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ သူ့ကျွန်ဘဝကလွတ်မြောက်၍ လွတ်လပ်ရေးရရှိသော (၇၇) နှစ်မြောက် နေ့ထူးနေ့မြတ်ဖြစ်သည်။ လွန်ခဲ့သည့် (၇၇) နှစ် ဇန်နဝါရီလဆန်းပိုင်းကတည်းက လွတ်လပ်ရေးရရှိတော့မည့် မင်္ဂလာအချိန်အခါကို ပြည်သူတို့ စောင့်ဆိုင်းနေကြလိမ့်မည်။
Subscribe to